http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: July 2014

Monday, July 21, 2014

ပင်လယ်စာပီဇာ နှင့် Ham+နာနတ်သီး ပီဇာ

ပင်လယ်စာပီဇာ နှင့် Ham+နာနတ်သီး ပီဇာ

ဒိုးအတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၃၀၀ ဂရမ်
၂။ ရေ
၃။ Dry Yeast – လက်ဖက်ရည်ဇွန်း ၂ (City Mart ဆိုင်များတွင် ၀ယ်ယူနိုင်သည်)

၎။ နို့မှုန့်- အနည်းငယ်
၅။ ဆား – လက်ဖက်ရည်ဇွန်း၁
၆၊ ဆီ – စားပွဲတင်ဇွန်း၁

ဒိုးလုပ်နည်း
၁။ ရေ၊ yeast၊ နို့မှုန့်၊ ဂျုံ ၊ ဆား ရောပြီး သမအောင်နုယ်ပေးပါ။ ရေများသွားပါက ဂျုံထပ်ထည့်ပေးပါ။ ဂျုံဒိုးသည် အရမ်းမမာ၊ မပျော့ အနေထားမှာရှိရမည်။
၂။ ၁၀မိနစ်ခန့် ထားပြီးမှ ဆီထည့်ကာ ဒိုးကို နားနားလေး နုယ်ပေးပါ။
၃။ နုယ်ထားသော ဂျုံကို အနည်းဆုံး ၃နာရီ အုပ်ပြီး ထားပေးပါ။
၎။ ထို့နောက် ဂျုံဒိုးံကို ထလိမ့်တုံးနှင့် အပြား ၁၀လက်မလောက် ရောက်အောင် လိပ်ပေးပါ။ လိပ်နေစဉ် တလိမ့်တုံးနဲ့ မကပ်အောင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။
၅။ ပြီးနောက် ဂျုံဒိုးဘေးပတ်ပတ်လည်ကို အတွန့်လေးများ ပုံဖော်ပေးပါ။ ပြီးလျှင် ဂျုံကို ပုံတွင်ပါသည့်အတိုင်း ခရင်းဖြစ် အပေါက်လေးများဖောက်ပေးပါ။
အောက်ခံ ခရမ်းခဉ်သီးဆော့လုပ်နည်း
၁။ ခရမ်းချဉ်သီး ၃လုံးကို ရေနွေးဆူဆူထဲ ပြဲအောင် ထည့်ြ့ပူတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး skin(အခွံ)ကို ခွာပေးပြီး နှုတ်နှုတ်ဆင်းပါ။
၂။ ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ (နှုတ်နှုတ်ဆင်း) sautee ထိုးပါ။
၃။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ် (tomato paste)(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ဂျုံ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်မွှေပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးအောင် မြုပ်ရုံ ရေ၂ခွက်ခန့်ထည့်ပေးပါ။
၅။ ပြီးမှ အရသာအပေါ့အငံ့အတွက် ဆား၊ သကြား ထည့်မွှေပေးပါ။
၆။ အနှစ်မပျစ်မကျဲ အနေထားတွင် ချပေးပါ။
ဒိုးဖုတ်နည်း
၁။ အရင် Oven ကို preheat လုပ်ထားပေးပါ။

၁။ ဂျုံဒိုးကို Oven ထဲထည့်ကာ အပူချိန် ၂၀၀ဒီဂရီ ဖြင့်  ၁၀ မိနစ်ခန့်ဖုတ်ပေးပါ။
၂။ ပြီးလျှင် Oven မှထုတ်ပါ၊ အသင့်လုပ်ထားသော ခရမ်းချဉ်သီးဆော့ကို အပေါ်မှ သုတ်ပေးပါ။

ပင်လယ်စာ ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
၁။ ဘောကျိပ်ပုဇွန်၁၀ကျပ်သား
၂။ ဂဏန်းချောင်း(အမျှင်နွင်း)
၃။ ငါးချောင်း(အရှည်လှီး)
၎။ ခရမ်းချဉ်သီး- ၁လုံး (အရှည်လှီး)
၅။ ငရုတ်သီးပွ (အစိမ်း) – ၁လုံး (အရှည်လှီး)
၆။ ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီး)
ရ။ ချိပ်
ပင်လယ်စာပီဇာဖုတ်နည်း
၃။ ထို့နောက် ပုဇွန်၊ ဂဏန်းချောင်း၊ ငါးချောင်း ကို  အညှီနံ ပျောက်အောင် ရေနွေးဖျော်ပေးပါ။
၎။ ပြီးလျှင် ဒိုးပေါ်တွင် ပင်လယ်စာ ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို စီကာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

Ham+နာနတ်သီး ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
၁။ Ham ၄ပြား (အရှည်တ၀က်လှီး)
၂။ နာနတ်သီး – ဆီသွပ်ဗူးပိုကောင်းသည် (အတုံးလေးလှီး)
၃။ ချိပ်
Ham+နာနတ်သီး ပီဇာဖုတ်နည်း
၎။ ပြီးလျှင် ဒိုးပေါ်တွင် Ham+နာနတ်သီး ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို စီကာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

အရသာတမျိုးစီ ထူးခြားသော Ham+နာနတ်သီးပီဇာ နှင့် ပင်လယ်စာပီဇာ များကို စမ်းသပ်ဖုတ်ကြည့်ရင် ကြိုက်နှစ်သက်ကြပါလိမ့်မည်။ ပုံတွင်ဖော်ပြထားသော ပီဇာမှာ (Ham+နာနတ်သီးပီဇာ နှင့် ပင်လယ်စာပီဇာ) ကို တ၀က်စီရော ဖုတ်ထားခြင်းဖြစ်သည်။

ကြက်သား နှင့် ကြက်အူချောင်း ပီဇာ

ကြက်သား နှင့် ကြက်အူချောင်း ပီဇာ

ဒိုးအတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၃၀၀ ဂရမ်
၂။ ရေ -  တစ်ခွက်ခန့်
၃။ Dry Yeast – လက်ဖက်ရည်ဇွန်း ၂ (City Mart ဆိုင်များတွင် ၀ယ်ယူနိုင်သည်)
၎။ နို့မှုန့်- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ဆား – လက်ဖက်ရည်ဇွန်း၁
၆၊ ဆီ – စားပွဲတင်ဇွန်း၁

ဒိုးလုပ်နည်း
၁။ ရေ၊ yeast၊ နို့မှုန့်၊ ဂျုံ ၊ ဆား ရောပြီး သမအောင်နုယ်ပေးပါ။ ရေများသွားပါက ဂျုံထပ်ထည့်ပေးပါ။
၂။ ၁၀မိနစ်ခန့် ထားပြီးမှ ဆီထည့်နုယ်ပေးပါ။
၃။ နုယ်ထားသော ဂျုံကို အနည်းဆုံး ၃နာရီ အုပ်ပြီး ထားပေးပါ။
၎။ ထို့နောက် ဂျုံဒိုးံကို ထလိမ့်တုံးနှင့် အပြား ၁၀လက်မလောက် ရောက်အောင် လိပ်ပေးပါ။
၅။ ပြီးနောက် ဂျုံဒိုးဘေးပတ်ပတ်လည်ကို အတွန့်လေးများ ပုံဖော်ပေးပါ။ ပြီးလျှင် ဂျုံကို ပုံတွင်ပါသည့်အတိုင်း ခရင်းဖြစ် အပေါက်လေးများဖောက်ပေးပါ။
အောက်ခံ ခရမ်းခဉ်သီးဆော့လုပ်နည်း
၁။ ခရမ်းချဉ်သီး ၃လုံးကို ရေနွေးဆူဆူထဲ ပြဲအောင် ထည့်ြ့ပူတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး skin(အခွံ)ကို ခွာပေးပြီး နှုတ်နှုတ်ဆင်းပါ။
၂။ ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ (နှုတ်နှုတ်ဆင်း) sautee ထိုးပါ။
၃။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ် (tomato paste)(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ဂျုံ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်မွှေပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးအောင် မြုပ်ရုံ ရေ၂ခွက်ခန့်ထည့်ပေးပါ။
၅။ ပြီးမှ အရသာအပေါ့အငံ့အတွက် ဆား၊ သကြား ထည့်မွှေပေးပါ။
၆။ အနှစ်မပျစ်မကျဲ အနေထားတွင် ချပေးပါ။
ဒိုးဖုတ်နည်း
၁။ အရင် Oven ကို preheat လုပ်ထားပေးပါ။

၁။ ဂျုံဒိုးကို Oven ထဲထည့်ကာ အပူချိန် ၂၀၀ဒီဂရီ ဖြင့်  ၁၀ မိနစ်ခန့်ဖုတ်ပေးပါ။
၂။ ပြီးလျှင် Oven မှထုတ်ပါ၊ အသင့်လုပ်ထားသော ခရမ်းချဉ်သီးဆော့ကို အပေါ်မှ သုတ်ပေးပါ။

ကြက်သား ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၅ကျပ်သား (ရေနွေးဖြင့်ပြုတ်ပြီး အမျှင်နွင်းပါ)
၂။ ကြက်အူချောင်း(အရှည်လှီး)
၃။ ပြောင်းဖူး – ၁ဖူး (ရေနွေးဖြင့်ပြုတ်ပြီး ခြွေပါ)
၎။ ခရမ်းချဉ်သီး- ၁လုံး (အရှည်လှီး)
၅။ ငရုတ်သီးပွ (အစိမ်း) – ၁လုံး (အရှည်လှီး)
၆။ ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီး)
ရ။ ချိပ်

ကြက်သားပီဇာဖုတ်နည်း
၃။ ပြီးလျှင် ဒိုးပေါ်တွင် ကြက်သား ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို ထည့်ပါ။
၎။ အရင်ဆုံး ကြက်သွန်နီ အ၀ိုင်းထည့်ပါ ပြီးမှ အစဉ်လိုက် (ခရမ်းချဉ်သီး၊ ငရုတ်သီးပွ၊ ကြက်အူချောင်း၊ ကြက်ရင်ဗုံသား၊ ပြောင်းဖူး) အစဉ်လိုက် စီကာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

အမေရိကန်စတိုင် ၀က်နံရိုးကင်

အမေရိကန်စတိုင် ၀က်နံရိုးကင်

အမေရိကန်စတိုင် ၀က်နံရိုးကင်က သာမန် ၀က်နံရိုးကင်တွေလို မဟုတ်ပဲ အရသာထူးခြား ကောင်းမွန်ပါတာမို့၊ မြည်းသွားကြပါနော်…..
ပါဝင်သောပစ္စည်းများ
၁။ ၀က်နံရိုး (Pork Rid) – ၄၀ကျပ်သား (အရှည်လိုက် လှီးလိုက်ပါ)
၂။ ပျားရည် (Honey)- စားပွဲတင်ဇွန်း ၂ဇွန်း
၃။ Barbecue ဆော့  - စားပွဲတင်ဇွန်း ၄ဇွန်း
၎။ ခရုဆီ ဆော့ (Oyster Sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ သကြား (Sugar) – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား (Salt) – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၇။ ၀ိုင်အဖြူ (White wine) – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ဂျင်း (Ginger) – စားပွဲတင်ဇွန်း တ၀က် (ညက်နေအောင် ထောင်းပြီး အရည်ညစ်ပါ)
၉။ ကြက်သွန်ဖြူ (Garlic) – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ ဆီ (Vegetable oil) – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ၀က်နံရိုးများကို ဇောက်ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်သောပစ္စည်းများဖြစ်သော ( ပျားရည်၊ Barbecue ဆော့၊ ခရုဆီ၊ သကြား၊ ဆား၊ ၀ိုင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆီ ) အားလုံးနှင့် သမအောင် ရောနယ်လိုက်ပါ။
၂။ ၀က်နံရိုးများကို သမအောင် နုယ်ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး ၁နာရီခန့် နုပ်ထားပေးပါ။
၃။ မကင်ခင် ၁၀မိနစ်ခန့် ကြို၍ နုပ်ထားသော ၀က်နံရိုးများကို ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။
၎။ 0ven ကို ၂၀၀ဒီဂရီဖြင့် Preheat လုပ်ထားလိုက်ပါ။
၅။ ပြီးမှ ၀က်နံရိုးများကို ခဲစက္ကူ (Aluminum Foil) အောက်မှခံပြီး 0ven ထဲထည့်ပြီး Grill ၂၀၀ဒီဂရီဖြင့် မိနစ် ၃၀- ၄၀ ခန့် ကင်ထားပေးပါ။

၆။ ၀က်နံရိုးကင်ရပြီးဆိုလျှင် ပန်းကန်ပေါ်သို့ ထည့်ပြီး သံပရာသီးလေး ညှစ်ပြီး စားသုံးနိုင်ပါပြီး…

ဟော့ဒေါ့

ဟော့ဒေါ့



ဒီနေ့တော့ ၀တ်ရည်အမွှာညီမ တင်ထားတဲ့ ပြင်သစ်ဟော့ဒေါ့ပုံ မြင်ပြီကတည်းက လုပ်စားချင်တာနဲ့ လုပ်စားဖြစ်သွားတာပါ။ ဟော့ဒေါ့မှာ ပါတဲ့ ၀က်အူချောင်း၊ မရိုနိစ်၊ ခရမ်းချဉ်သီးဆော့၊ mustard အရသာအစုံကြောင့် ခုခေတ်လူတိုင်းကြိုက်နှစ်သက်တဲ့ အစားပြေအစားသောက် တစ်ခုပါ။ ထို့ပြင် ဟော့ဒေါ့ရော၊ ၀က်အူချောင်းကိုပါ ကင်ထားတာမို့ အရသာက ပိုပြီ တခြားဟော့ဒေါ့တွေထက် ထူးခြားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ဟော့ဒေါ့ ပါမုန့် – ၆လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
၂။ ၀က်အူချောင်း(အစို) – ၆ချောင်း
၃။ ဆလတ်ရွက် – ၁စည်း  (ရေဆင်အောင် ဆေးထားပါ)
၎။ မရိုနစ်

၅။ Mustard (or) French Mustard (အ၀ါဘူး) (CityMart တွင် ၀ယ်ယူနိုင်ပါသည်)
၆။ ခရမ်းချဉ်သီးဆော့ – ၃လုံး (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)
ရ။ သခွာသီး – ၁ခု (တ၀က်ဝက်ပြီ ပါးပါးလှီးပါ)
၈။ ချိစ် – ၅၀ဂရမ် (ခြစ်တံဖြင့် ခြစ်လိုက်ပါ)
ဟော့ဒေါ့လုပ်နည်း
၁။ အရင်ဆုံး ၀က်အူချောင်း(အစို)များကို အကင်ပြားပေါ်တင်၍ ၂မိနစ်ခန့် ကျက်သည်အထိ ကင်ပေးပါ။

၂။ ထို့နောက် ဟော့ဒေါ့ပါမုန့်များကို ဓားဖြင့် ထက်ခြမ်းခြမ်း လိုက်ပါ။

၃။ ပြီနောက် ဟော့ဒေါ့ ပါမုန့်များကို ပေါင်အိုးထဲထည့်ပြီ ပေါင်း၍ဖြစ်စေ (သို့) oven ထဲထည့်ပြီ ၅မိနစ်ခန့် ကင်ပေးပါ။
၃။ ပြီလျှင် ဟော့ဒေါ့ပါမုန့်တစ်လုံးဆီကို မရိုနစ်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ Mustard(စားပွဲတင်ဇွန်း တ၀က်)၊ ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်းတ၀က်) ဆီ ထည့်ပေးပြီ ကင်ထားသော ၀က်အူချောင်း၊ ဆလတ်ရွက်၊ သခွာသီး၊ ခရမ်းချဉ်သီး တို့ကို စီစီညာညာ ထည့်ပေးလိုက်ပါ။

၎။ ထိုနည်းအတိုင်း ကျန်ဟော့ဒေါ့များကို လုပ်ပေးပါ။ ပြီမှ အပေါ်မှ အပေါ်မှ ချိစ်လေးများကို ဖြူးပေးလိုက်ပါ။

ပုဇွန် ကော်ပြန့်

ပုဇွန် ကော်ပြန့်

ညနေခင်း ထမင်းမစားချင်တာနဲ့ လုပ်စားဖြစ်လိုက်တဲ့ ပုဇွန် ကော်ပြန့်လေးပါ။ ကော်ပြန့်စိမ်းရယ်၊ ကော်ပြန့်ကြော်ရယ် ၂မျိုးလုပ်စား ဖြစ်ပါတယ်။ အိမ်သားတွေကတော့ တော်တော် စားကောင်းတယ် ပြောကြတာနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ကော်ပြန့်ရွက် – ၂၀ရွက် (အသေး)
၂။ ပုဇွန်စိပ် – ၃၀ကျပ်သား (အခွံနွာ ခေါင်းဖြုတ်ပါ)
၃။ မုန်လာဥနီ – ဥကြီး ၁ဥ (အရှည်လိုက် ပါးပါးလှီးပါ)
၎။ ဘိုးစားပဲ – ၁၀ခု (အ၀ိုင်းပါးပါး လှီးပါ)
၅။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
၇။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၉။ ကြက်ဥ – ၂လုံး (ခလောက်ပါ)
၁၀။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
ချက်ပြုတ်နည်း
၁။ ပုဇွန်များကို အတုံးသေးသေးလေး များနှုတ်နှုတ်ဆင်းလိုက်ပါ။
၂။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ များကို ဆီသပ်ပေးပါ။
၃။ ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲတို့ ထည့်ကြော်ပေးပါ။
၎။ ဟင်းရွက်များနူးရန် ရေ(လက်ဖက်ရည်ပန်းကန်လုံး ၁လုံး) ထည့်ပေးပါ။
၅။ ထို့နောက် ပုဇွန်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ကြက်သွန်မြိတ် အားလုံးကို ထည့်မွှေလိုက်ပါ။
၆။ အရသာအပေါ့အငံ့ အနေတော်သွားလျှင် ပန်းကန် တစ်ခုထဲ ပြန်ဆယ် ထည့်ထားပါ။

ရ။ ပြီးလျှင် ခလောက် ထားသော ကြက်ဥများကို ဒယ်ထဲ ဆီအနည်းငယ် ထည့်ပြီး အပြန့်ကြော်ပေးပါ။
၈။ ပြီးမှ ကြော်ထားသော ကြက်ဥအ၀ိုင်းကို လိမ့်ပြီး အရှည်လိုက်လှီးပေးပါ။

၉။ အစားပလာများ ချက်ပြီးသွားလျှင် ကော်ပြန့်စလိမ့်ရပါမည်။
၁၀။ ကော်ပြန့်ရွက် တစ်ရွက် ထည့်သို့ ချက်ထားသော ပုဇွန်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်ဥ ၁ချောင်း ထည့်ပြီး လိမ့်ပေးပါ။
၁၁။ ထို့နည်းအတိုင်း ကျန် ကော်ပြန့်များကို ဆက်လိမ့်သွားပါ။
၁၂။ ကော်ပြန့်စိမ်းကြိုက်သူများကို ဆလက်ရွက်ဖြင့် တွဲဖက်စားသုံး နိုင်ပါပြီး။ ကော်ပြန့်ကြော် ကြိုက်သူတွေကတော့ ဒယ်ထဲ ဆီများများထည့်ပြီး ပြန်ကြော်ပြီး စားသုံးနိုင်ပါသည်။
- ကြိုက်နှစ်သက်မည့် ပုဇွန်ကော်ပြန့်စိမ်း လုပ်နည်း နောက်တစ်နည်း https://getacookrecipe.wordpress.com/2009/12/15/47/

ကြက်ခြေထောက် တုံယမ်းဟင်းချို (၈ယောက်စာ)

ကြက်ခြေထောက် တုံယမ်းဟင်းချို (၈ယောက်စာ)

ဒီ ကြက်ခြေထောက် တုံယမ်းဟင်းချိုက အရသာရော၊ အနံ့ပါ သင်းပြီ အလွန်ကောင်းမွန်သော ဟင်းချို တစ်ပွဲပါပဲ။ ဒီချက်နည်းလေးကို ၀တ်ရည် အကိုကြီးဆီမှ တောင်းယူပြီ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ တုံယမ်းဟင်းချိုက ထိုင်းစတိုင် ဟင်းလျာများနှင့်လည်း အလွန်လိုက်ဖက်ပါတယ်။ တုံယမ်းဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ချက်နည်းကို မျှဝေပေးလိုက်ပါတယ်…
အဓိက ပါဝင်သောပစ္စည်များ
၁။ ကြက်ခြေထောက် -၁၀ခု (တ၀က်ဝက်ပါ)
၂။ တုံယမ်း (အခဲ) – ၂တုံး
၃။ တုံယမ်း အနှစ် – တ၀က်
၎။ အုန်းနို့ – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ ငုန်းဥ -၁၀လုံး (အရင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
ပါဝင်သော ဟင်းရွက်များ
၁။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၂။ မုန်လာဥနီ – ၂ခု (အ၀ိုင်း ပါးပါးလှီးပါ)
၃။ မျှစ်(အချို) – ၅ခု (အ၀ိုင်း ပါးပါးလှီးပါ)
၎။ ပြောင်းဖူးသေး – ရခု (အစောင်း ပါးပါးလှီးပါ)
၅။ ပဲပြား – ၁တုံး ( အရှည်ပါးပါး လှီးပါ)
၆။ Tofu – ၂ခု ( အ၀ိုင်း လေးများ လှီးပြီ ဆီများများဖြင့် ပြန်ကြော်ထားပေးပါ)
ရ။ သံပရာသီး – ၁လုံး
၈။ နံနံပင် – ၁စည်း ( ပါးပါးလှီးပါ)
၉။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၁၀။ ပဒယ်ဂေါ – ၁ခု (ပါးပါးအစောင်း လှီးပါ)
၁၁။ ရှမ်းနံနံ – အနည်းငယ် (ပါးပါးလှီးပါ)
၁၂။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)
၁၄။ ငရုတ်သီးစိမ်း – ၄ခု ( တ၀က်ဝက်ပါ)
အရသာအတွက် ပါဝင်သောပစ္စည်များ
၁။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပြင်ဆင်ထားပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ခြေထောက်များကို ရေစင်အောင် ဆေးပြီ တ၀က်ပိုင်းလိုက်ပါ။
၂။ ပြီးလျှင် ဒယ်အိုးကြီး တစ်ခုထဲ ရေ ၃၀၀ မီလီ လီတာမျှ ထည့်ပြီ ကြက်ခြေထောက်များ နူးသည်အထိ တည်ထားပေးပါ။
(မှတ်ချက်။ ။ ၀တ်ရည်က ကြက်ပြုတ်ရည် လိုချင်၍ ကြက်ခြေထောက်များကို ထည့်ပြုတ်ခြင်း ဖြစ်ပါသည်။ အကယ်၍ တုံယမ်းချက်မှ ကြက်ခြေထောက်များ ထည့်ချက်လျှင်လည်း ရပါသည်)
၃။ ယခု တုံယမ်း ဟင်းချို စချက်လို့ ရပါပြီ။
၎။ တုံယမ်းချက်ရန် ဒယ်ပြားကြီး တစ်ခုထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ကြက်သွန်ဖြူ၊ နီ၊ ပဒယ်ဂေါ၊ ငရုတ်သီးစိမ်းများ ထည့် မိနစ်ဝက်မျှ ဆီသပ်ပေးပါ။
၅။ ပြီးမှ ဟင်းရွက်များဖြစ်သော (မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ခရမ်းချဉ်သီး၊မျှစ်) တို့ကို ထည့်ရောမွှေလိုက်ပါ။
၆။ ထို့နောက် ကြက်ခြေထောက်ပြုတ်ထားသော ကြက်ပြုတ်ရည်များနှင့် ကြက်ခြေထောက်များကို ဒယ်ထဲ ဖြည်းဖြည်းခြင်း လောင်းချလိုက်ပါ။
ရ။ အဖုံးအုပ်၍ ၂မိနစ်မျှ ဆူပွက်အောင် တည်ထားပေးပါ။
၈။ ပြီးနောက် တုံးယမ်းအခဲနှင့် တုံယမ်းအနှစ်များကို ထည့်၍ ရောမွှေလိုက်ပါ။
၉။ အရသာ အနေတော်လျှင် ငုန်းဥ၊ ပဲပြား၊ Tofuထည့်လိုက်ပါ။
၁၀။အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်တို့ကို ထည့်လိုက်ပါ။
၁၁။ နောက်ဆုံးမှ အုန်းနို့ ထည့်မွှေလိုက်ပြီ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ အုပ်ပေးပြီ ထိုင်းစတိုင် အရသာရော၊ အနံ့ရော သင်းပျံ့နေသည့် တုံယမ်းဟင်းချိုကို သုံးဆောင်နိုင်ပါပြီ…

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်လေးက လုပ်ရလည်း လွယ်ပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ထိုင်းမှာတော့ ၀က်သားကင်ပြီသားတွေ ရနိုင်တော့ အဲဒါကိုပဲ အတုံးလေးများ တုံးပြီ ထမင်းကြော်ထည့် ထည့်ကြော် လိုက်ရုံပါပဲ။ ကိုယ်တိုင်ကင်ပြီ ထည့်လည်း ပိုတောင် အရသာ ကောင်းပါသေးတယ်။ ထူးခြားချက်လေးကတော့ ၀က်သားကင် ထမင်းကြော်က ချိုစိမ့်ပြီ စားလို့ ကောင်းပါတယ်။ ဒါကြောင့် ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်…
ပါဝင်သောပစ္စည်းများ
၁။ ၀က်သားကင်ပြီသား – ၂၀၀ဂရမ် (အတုံးသေးများ တုံးပေးပါ)
မှတ်ချက် ။ ။ ၀က်သားကို Red ဆော့ဖြင့် နုယ်ပြီ မိနစ် ၃၀ခန့်ကင်ပေးပါ။ ReadyMade ကင်ပြီသား ၀က်သားကင်များလည်း ၀ယ်နိုင်သည်။
၂။ ၀က်အူချောင်း – ၂ချောင်း ( အရင်ကြော်ထားပြီ အစောင်းပါးပါးလှီးပါ)
၃။ မုန်လာဥနီ – ၁ဥ (အတုံးသေးများ တုံးပေးပါ)
၎။ ဘိုစားပဲ – ၅ခု ( ပါးပါးလှီးပါ)

၎။ ချက်ပြီသား ထမင်း – နို့ဆီဗူး ၁လုံးစာ
၅။ ကြက်ဥ – ၂လုံး (ဆားအနည်းငယ်ထည့်ပြီ ခလောက်ထားပါ)
၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
ရ။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၈။ ခရုဆီ – စားပွဲတင်ဇွန်း – ၁ဇွန်းခွဲ
၉။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ပဲငံပြာရည် (အချို) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူများကို ဆီသပ်ပေးပါ
၂။ ပြီလျှင် မုန်လာဥနီ၊ ဘိုစားပဲများ ထည့်ပြီ ရောမွှေလိုက်ပါ။ ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ) ထည့်ပေးပါ)
၃။ နောက်မှ ၀က်အူချောင်း (ကြော်ပြီသား)၊ ၀က်သားကင်တုံးလေးများကို ထည့်ပေးပါ။
၎။ ပြီးလျှင် ပဲငံပြာရည်(အကြည်)၊ ခရုဆီ၊ ပဲငံပြာရည်အချို၊ သကြား အားလုံးကို အရသာအပေါ့အငံ့အတွက် ထည့်ပေးပါ။
၅။ နောက်ဆုံးမှ ချက်ပြီသား ထမင်းများကို လက်ဖြင့် အသာလေး ဖွပေးပြီ ထည့်ရောမွှေလိုက်ပါ။
(မှတ်ချက်။ ။ ထမင်းများကို အတုံးအခဲလိုက် မထည့်ပါနှင့်)
၆။ ပြီါ်နောက် အပေါ်မှ ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများကို ဖြူးပေးလိုက်ပါ။
ရ။ ကြက်ဥကို ဒယ်သပ်သပ်ဖြင့် အပါးကြော်ပြီ ၀က်သားကင်ထမင်းကြော်နှင့် တွဲဖက်ကာ ပူပူနွေးနွေး စားသုံးနိုင်ပါပြီ…..

သဘောင်္သီးထောင်း

သဘောင်္သီးထောင်း

ပါဝင်သောပစ္စည်းများ
၁။ သေဘာၤသီး – ၁လံုး
၂။ မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်းစာ (မညက်တညက်ထောင်းပေးပါ)
၃။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
၎။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)

၅။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)
၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
ရ။ ပဲသီးရှည် – ၁ချောင်း (အရှည်အစောင်းလှီးပါ)
၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပြီ ဆီသပ်ထားပေးပါ)
၉။ ငရုတ်သီး – ၂ခု ( ထောင်းပေးပါ)
မှတ်ချက် ။ ။ အစပ်ကြိုက်ပါက ငရုတ်သီး ၆ခုထိ ထည့်နိုင်သည်
၁၀။ သကြားရည် (သို့) ထန်းလျက်ရည် – လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ

ချက်ပြုတ်နည်း
၁။ သဘောင်္သီးကို ခြစ်တံဖြင့် အချောင်းရှည်လေးဖြစ်အောင် ခြစ်ပေးပါ။
၂။ ခြစ်ထားသော သဘောင်္သီးများကို ရေဆင်ဆေးပြီ ဇကာဖြင့်ပြန်စစ်ထားပါ။
၃။ ပြီးလျှင် ဇလုံတစ်ခုထဲသို့ (သဘောင်္သီး၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ပဲသီး၊ ငါးငံပြာရည်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးထောင်း၊ ကြက်သွန်ဖြူဆီသပ်) အားလုံးကို ရောမွှေလိုက်ပါ။
၎။ ပြီမှ သကြားရည်၊ သံပရာရည်၊ ငံပြာရည်တို့ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာအပေါ့အငံ့အနေတော်လျှင် ဇလုံထဲသို့ လက်ဖြင့် အနည်းငယ်ထောင်းပေးပါ။
၆။ အရသာရှိသော သဘောင်္သီးထောင်းကို စားသုံးနိုင်ပါပြီ။….

ပါမုန့် ၀က်သားကပ်ကြော်

ပါမုန့် ၀က်သားကပ်ကြော်

ဒီ ပါမုန့်ဝက်သားကပ်ကြော်လေးက အစားပြေအဖြစ် အချိန်မရွေးမှာ စားသုံးနိုင်ပါတယ်။ စားလို့လည်း အရမ်းကောင်းပြီ ထိုင်းစတိုင် ဆော့လေးနဲ့လည်း အလွန်မှ လိုက်ဖက်လှသည်။ ၀တ်ရည်ကတော့ ထိုင်းဟင်းတွေကိုလည်း ကြိုက်တာမို့ မကြာခဏလိုလို လုပ်စားဖြစ်ပါတယ်။ ချက်နည်းလေးကလွယ်တာမို့ တူတူလုပ်စားကြည့်လိုက်ရအောင်…

ပါဝင်သောပစ္စည်းများ
၁။ ပါမုန့် (Bread)- ၅ချပ်
၂။ ၀က်သား (Pork)- ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
၃။ ကြက်ဥ (Egg)- ၁လုံး (ခလောက်ထားပါ)
၎။ ခရုဆီ (Oyster Sauce)- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ပဲငံပြာရည် အကြည် (Light Soy Sauce)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆား (salt)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရ။ သကြား (Sugar)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် (Black pepper)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ တရုတ်နံနံပင် (Spring Cilantro)
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ သခွာသီး – တ၀က် (ပါးပါးအရှည်လှီးပါ)
၂။ ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးပါ) (ပါးပါးလှီးပါ)
၃။ ငရုတ်သီးတောင့်ပွ(အရှည်) – ၁ခု(ပါးပါးအ၀ိုင်းလှီးပါ)
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ရေနွေး – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပါမုန့်၁ချပ်ချင်းဆီကို ၄ပိုင်းပိုင်းလိုက်ပါ
၂။ ပြီလျှင် ကျန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်ဥ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ တရုတ်နံနံပင်) အားလုံးတို့ကို ဇလုံတစ်ခုထဲတွင် ရောနုယ်လိုက်ပါ။

၃။ ထို့နောက် ပါမုန့်ပေါ်သို့ နုယ်ထားသော ၀က်သားများကို ပုံတွင် ပါသည့်အတိုင်း ကပ်လိုက်ပါ။

၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ၀က်သားကပ်ထားသည့် ဘက်သို့ အရင်ကြော်ပြီ ကျက်လျှင် နောက်တစ်ဘက်သို့ ပြန်လှန်ပေးပါ။

၅။ နီညှိုရောင်သန်းလာလျှင် ပါမုန့်လေးများကို ပြန်ဆယ်ပေးပြီ ဆီစုတ်စက္ကူပေါ်တွင် တင်ပေးထားပါ။

၆။ ထိုနည်းအတိုင်း ကျန်ပါမုန့်များကို ဆက်ကြော်ပေးပါ။
ရ။ ပါမုန့် ၀က်သားကပ်ကြော်လေးများ ရပြီ ဆိုလျှင် ဆော့ပြုလုပ်ပါ့မယ်။
၈။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား၊ ဗီနီဂါ၊ ရေနွေး)တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
၉။ ပြီမှ သခွာသီး၊ ငရုတ်ပွတောင့်၊ ကြက်သွန်မြိတ်ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ခြင်းဖြင့် ဆော့ရရှိပါပြီ။

၁၀။ ပါမုန့် ၀က်သားကပ်ကြော်လေးများကို ဆော့ဖြင့်တွဲစားသုံးနိုင်ပါပြီ….

ထိုင်းစတိုင် ပြည်ကြီငါးသုတ်

ထိုင်းစတိုင် ပြည်ကြီငါးသုတ်

ဒါကတော့ ထိုင်းစတိုင် သုတ်ထားတဲ့ ပြည်ကြီးငါးသုတ် လေးပါ။ လုပ်ရလည်း လွယ်ပြီ အရသာလည်း ကောင်းမွန်ပါတယ်။ ပြည်ကြီးငါး ညှိနံ့ကင်းအောင် ရှာလကာရည်၊ ဂျင်းတို့ကို အသုံးပြုထားပါသေးတယ်။ အရသာကလည်း ချဉ်ချဉ် စပ်စပ်လေးမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ပြည်ကြီးငါး – ၂၀ ကျပ်သား
၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)
၃။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ပါးပါးအရှည်လှီးပါ)
၎။ ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)

၅။ သံပရာသီး – နှစ်စိပ်
၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ရ။ ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
၁၁။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။
၂။ ထို့နောက် ရေပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပြီမှ ကြက်ခြေခတ်ပုံ မွှန်းထားသော ပြည်ကြီးငါးများကို အနံ့ပျောက်အောင် ထိုအိုးထဲသို့ ထည့်လိုက်ပါ။
၃။ ပြီလျှင် ဇကာဖြင့် ပြည်ကြီးငါးများကို ပြန်ဆယ်ထားပါ။
၎။ ပြီနောက် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ဆီသပ်ပေးပါ။
၅။ ပြီမှ ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ)၊ ဆနွင်းမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်ပြီ မီးပြန်ပိတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီချက်များကို ခွက်တစ်ခုထဲ ပြန်ဖယ်ထားပေးပါ။
သုတ်နည်း
၁။ ခုပြည်ကြီးငါး သုတ်ပါတော့မည်။ ဇလုံတစ်ခုထဲသို့ (ပြည့်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီး၊ ငါးငံပြာရည်၊ သံပရာရည်၊ နံနံပင်)တို့ကို ရောနုယ်လိုက်ပါ။

၂။ ပြီမှ အရသာအပေါ့အငံ့မြည်းပြီ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။
၃။ ချဉ်စပ် ပြည်ကြီးငါးသုတ်လေးကို ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…

ကြက်သားကင် ဆလတ်သုတ်

ကြက်သားကင် ဆလတ်သုတ်

ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)
၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

၅။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
ရ။ ကြက်သွန်နီ -  ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ်
၉။ ငရုတ်ပွရှည်ထောင့် – ၁ထောင့် (ပါးပါးလှီးပါ)
၁၀။ သံပရာရည် – ၁လုံး (တ၀က်ကို အရည်ညှစ်ပြီ၊ ကျန်တ၀က်ကို စိတ်ပေးထားပါ)
၁၁။ ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်စီ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး အသားကင်ရန် ၀ါးတုတ်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
၂။ ပြီလျှင် အတုံးတုံးထားသော ကြက်သားများကို ခွက်တစ်ခုထဲ ထည့်လိုက်ပါ။
၃။ ထို့နောက် ကြက်သားကို (မန်ကျည်းရည်၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆား၊ ကြက်သားမှုန့် ) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။
၎။ ပြီနောက် ဆလတ်သုတ်ရန် အတွက် ပန်းကန်တစ်ခုထဲ (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်)တို့ကို ရောမွှေလိုက်ပြီ အပေါ်မှ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သံပရာရည်တို့ ဖြူးလိုက်ပါ။

၅။ နုပ်ထားသော ကြက်သားများကို ရေစိမ်ထားသော ၀ါးတုတ်များဖြင့် သီပေးပါ။

၆။ မကင်ခင် ကင်ပြားကို ဆီသုတ်ပေးထားပါ။ ဂစ်သို့ မီးသွေး မိမိကြိုက်နှစ်သက်ရာနှင့် ကင်နိုင်ပါသည်။
ရ။ ကြက်သားမျာကို စကင်ပါတော့မည်။ ၁၀မိနစ်ခန့် ကြက်သားများ ကျက်သည်အထိ ကင်ပေးပါ။
ရ။ ကြက်သားကင်ပြီပြီ ဆိုလျှင် ဆလတ်သုတ်၊ သံပရာခြမ်းများဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

နာနတ်သီး ထမင်းကြော်

နာနတ်သီး ထမင်းကြော်

ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ
၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)
၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)
၎။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)

၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၇။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၈။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၁၀။ ကြက်သွန်မြိတ် – စည်းတ၀က် (ပါးပါးလှီးပါ)
၁၁။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)
၁၂။ ငရုတ်သီးထောင့်ရှည် – ၁ထောင့် (အစေ့ထုတ် ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)
၁၃။ ၆။ ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပြီ ကြော်ထားပါ)

ပြင်ဆင်နည်း
၁။ မချက်ခင် နာနတ်သီးကို အလယ်မှ ထက်ပိုင်း ပိုင်းလိုက်ပါ။
၂။ ပြီလျှင် နာနတ်သီး အတွင်းသားကို ဓားဖြင့် ပတ်ပတ်လည် လှီးကာ ဇွန်းဖြင့် ကော်ထုတ်လိုက်ပါ။
၃။ ပြီမှ ထိုနာနတ်သီး အသားများကို အတုံးလေးများ တုံးပေးပါ။

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား နှင့် ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) စီဖြင့် နုယ်ထားပေးပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ကို ထည့်ပြီ ဆီပူလာလျှင် ကြက်သား၊ ပုဇွန်များကို ထည့်ကြော်ပေးပါ။
၃။ ကြက်သား၊ ပုဇွန် ကျက်ပြီဆိုမှ (ထမင်း၊ ပုဇွန်ခြောက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၎။ ပြီမှ နာနတ်သီး၊ ကြက်သွန်မြိတ်များ ထည့်ပြီ  ၂မိနစ်၊ ၃မိနစ်ခန့် ထမင်းကြော်ကို ဆက်ကြော်ပေးပါ။

၅။ ပြီနောက် မီးပိတ်ပြီ နာနတ်သီးထမင်းကြော်များကို နာနတ်သီးထဲသို့ ထည့်လိုက်ပါ။
၆။ ထို့နောက် အပေါ်မှ နံနံပင်၊ ငရုတ်သီးထောင့်ရှည်၊ ကြက်သွန်ကြော်များဖြူး၍ သုံးဆောင်နိုင်ပါပြီ…

ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်

ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်

ကြက်တောင်ပံကို အရိုးထုပ်ပြီ ၀က်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်တောင်ပံ – ၄ခု
၂။ နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
၃။ ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)

၎။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
၅။ ၀က်သား – ၅ကျပ်သား (နှုတ်နှုတ်စဉ်းပေးပါ)
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်
၁။ အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။

၂။ ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။

၃။ လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားတာကို တွေ့ပါလိမ့်မည်။


၎။ ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်လို့ ရပါပြီ။


၅။ အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။

၆။ ကြက်တောင်ပံများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ခရုဆီ(စားပွဲတင်ဇွန်း တ၀က်) ဖြင့် ရောနုယ်ထားပါ။
ကြက်တောင်ပံ အစားသွပ်ကြော်နည်း
၁။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်) အားလုံးကို ရောနုယ်လိုက်ပါ။

၂။ ပြီမှ အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နုယ်ထားသော ၀က်သားများကို အစားသွပ်ပေးပါ။

၃။ ပြီနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၎။ ကြက်တောင်ပံများရပြီဆိုလျှင် ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။
၅။ ကြက်တောင်ပံကြော်များကို ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ