http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: အမေရိကန်စတိုင် ၀က်နံရိုးကင်

Monday, July 21, 2014

အမေရိကန်စတိုင် ၀က်နံရိုးကင်

အမေရိကန်စတိုင် ၀က်နံရိုးကင်

အမေရိကန်စတိုင် ၀က်နံရိုးကင်က သာမန် ၀က်နံရိုးကင်တွေလို မဟုတ်ပဲ အရသာထူးခြား ကောင်းမွန်ပါတာမို့၊ မြည်းသွားကြပါနော်…..
ပါဝင်သောပစ္စည်းများ
၁။ ၀က်နံရိုး (Pork Rid) – ၄၀ကျပ်သား (အရှည်လိုက် လှီးလိုက်ပါ)
၂။ ပျားရည် (Honey)- စားပွဲတင်ဇွန်း ၂ဇွန်း
၃။ Barbecue ဆော့  - စားပွဲတင်ဇွန်း ၄ဇွန်း
၎။ ခရုဆီ ဆော့ (Oyster Sauce) – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ သကြား (Sugar) – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား (Salt) – လက်ဖက်ရည်ဇွန်း ၃ဇွန်း
၇။ ၀ိုင်အဖြူ (White wine) – စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ဂျင်း (Ginger) – စားပွဲတင်ဇွန်း တ၀က် (ညက်နေအောင် ထောင်းပြီး အရည်ညစ်ပါ)
၉။ ကြက်သွန်ဖြူ (Garlic) – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ ဆီ (Vegetable oil) – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ၀က်နံရိုးများကို ဇောက်ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်သောပစ္စည်းများဖြစ်သော ( ပျားရည်၊ Barbecue ဆော့၊ ခရုဆီ၊ သကြား၊ ဆား၊ ၀ိုင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆီ ) အားလုံးနှင့် သမအောင် ရောနယ်လိုက်ပါ။
၂။ ၀က်နံရိုးများကို သမအောင် နုယ်ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး ၁နာရီခန့် နုပ်ထားပေးပါ။
၃။ မကင်ခင် ၁၀မိနစ်ခန့် ကြို၍ နုပ်ထားသော ၀က်နံရိုးများကို ရေခဲသေတ္တာထဲမှ ပြန်ထုတ်ထားပေးပါ။
၎။ 0ven ကို ၂၀၀ဒီဂရီဖြင့် Preheat လုပ်ထားလိုက်ပါ။
၅။ ပြီးမှ ၀က်နံရိုးများကို ခဲစက္ကူ (Aluminum Foil) အောက်မှခံပြီး 0ven ထဲထည့်ပြီး Grill ၂၀၀ဒီဂရီဖြင့် မိနစ် ၃၀- ၄၀ ခန့် ကင်ထားပေးပါ။

၆။ ၀က်နံရိုးကင်ရပြီးဆိုလျှင် ပန်းကန်ပေါ်သို့ ထည့်ပြီး သံပရာသီးလေး ညှစ်ပြီး စားသုံးနိုင်ပါပြီး…

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ