http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: ကိုရီးယား ဖက်ထုပ်(မန်ထို)

Monday, July 21, 2014

ကိုရီးယား ဖက်ထုပ်(မန်ထို)



အရသာကောင်းမွန်ပြီ လုပ်ရလည်း လွယ်တဲ့ ကိုရီးယား မန်ထိုလေးပါ။ မန်ထိုကို အမဲသား(သို့) ၀က်သား၊ ဟင်းရွက်တို့ဖြင့် ပြုလုပ်ထားပါတယ်။ တို့ဟူး၊ မှို၊ ဟင်းရွက် အရသာတွေကြောင့် မန်ထိုဟာ ရိုးရိုးဖက်ထုပ်အရသာနဲ့ မတူတဲ့ ထူးခြားတဲ့ အရသာသစ်ကို ရရှိမှာပါ။ မန်ထိုကို ကြော်ထားလျှင် gunmandu လို့ခေါ်ပြီ ပေါင်းထားတဲ့ မန်ထိုကိုတော့ jjinmandu လို့ခေါ်ပါတယ်။ ထို့ပြင်စွတ်ပြုတ်မှာလည်း မန်ထိုကို အသုံးပြုနိုင်ပါသေးတယ်။ မန်ထိုကို အရေအတွက်များများ ပြုလုပ်နိုင်ပြီ ရေခဲသေတ္တာထဲတွင် သိမ်း၍ အချိန်မရွေး ပြန်လုပ်စားနိုင်ပါသည်။ မန်ထိုလုပ်ပုံအဆင့်ဆင့်ကိုပါ တင်ပြပေးထားတာမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ လုပ်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • ဖက်ထုပ်ရွက် [wandon sheet]       ♦ ၄၀ရွက် (အ၀ိုင်း)
    • မှတ်ချက် ။ ။ ဖက်ထုပ်ရွက်အ၀ိုင်းမရှိပါက လေးထောက်ဖက်ရွက်ကို အ၀ိုင်းပုံ လှီးဖြတ်လိုက်ပါ။
    • ၀က်သား [pork]                         ♦ ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
      • မှတ်ချက် ။ ။ အမဲသားစားသူများ နှုတ်နှုတ်စဉ်းထားသော အမဲသား ၂ချိုး နှင့် ၀က်သား ၁ချိုး ရောလျှင်လည်း ရသည်။
      • မှိုခြောက် [wild mushroom]          ♦ ၅ခု (ရေနွေးဖြင့် ပြုတ်ပေးပြီ နှုတ်နှုတ်စဉ်းထားပါ)

  • ကြက်သွန်မြိတ် [spring onion]       ♦ ၂စည်း (ပါးပါးလှီးထားပါ)
  • တို့ဟူး [tofu]                              ♦ ၁ဗူး (၃၀၀ဂရမ်)
  • ကြက်သွန်နီ [onion]                    ♦ တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ [garlic]                   ♦ ၃မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား [salt]
  • သကြား [sugar]
  • နှမ်းဆီ [sesame oil]
မန်ထို အစာသွပ်ရန် ပြင်ဆင်နည်း [Mandoo Preparation Recipes]
၁။ အရင်ဆုံး နှုတ်နှုတ်စဉ်းထားသော ၀က်သားများကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် လက်ဖြင့် ရောနုယ်လိုက်ပါ။ နုယ်ထားသော ၀က်သားများကို ပန်းကန်ပြားတစ်ခုပေါ် ထည့်ထားပါ။
၂။ ပြီလျှင် ပါးပါးလှီးထားသော ကြက်သွန်မြိတ်ကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ဖြင့် ရောမွှေပြီ ၀က်သားထည့်ထားသော ဘေးတွင် ပုံထားလိုက်ပါ။
၃။ ထို့နောက် ပြုတ်ထားသော မှိုများကို အရည်ညှစ်ပြီ နှုတ်နှုတ်စဉ်းပေးပြီ ပဲငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၂ဇွန်း) တို့ဖြင့် ရောနုယ်ထား၍ ပန်းကန်ပြားထဲ ထည့်ပေးပါ။
၎။ တို့ဟူးကို ရေစစ်ပြီ နှုတ်နှုတ်စဉ်းလိုက်ပါ။ ရေမရှိတော့မှ ဆားအနည်းငယ်၊ နှမ်းဆီအနည်းငယ်ဖြင့် ရောနုယ်ကာ ပန်းကန်ပြားထဲသို့ ထည့်ထားလိုက်ပါ။
၅။ နောက်ဆုံးမှ ပန်းကန်ပြားထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီများထည့်ပြီ ပါဝင်ပစ္စည်းအားလုံးကို သမအောင် လက်ဖြင့် ရောနုယ်လိုက်ပါ။


၆။ အစာသွပ်ရန် ပြင်ဆင်ပြီလျှင် မန်ထို စလုပ်ပါတော့မည်။

မန်ထို လုပ်နည်း [Mandoo Recipes]
၁။ မန်ထိုဖက်ရွက် တစ်ရွက်ကို ယူ၍ နုယ်ထားသော အစာ(စားပွဲတင်ဇွန်း ၁ဇွန်း)ကို အလယ်တွင် ထည့်လိုက်ပါ။

၂။ ပြီလျှင် ဖက်ရွက် ဘေးနှုတ်ခမ်းသားများကို ရေအနည်းငယ်စီ စွတ်လိုက်ပါ။

၃။ ထို့နောက် ဖက်ရွက်ကို တ၀က် ခေါက်လိုက်ပြီ ပုံတွပါသည့်အတိုင်း ပုံဖော်သွားပါ။



၎။ ထို့နည်းအတိုင်း ကျန်ဖက်ထုပ်များကို ထုပ်သွားပေးပါ။ ထုပ်ပြီလျှင် မန်ထိုတ၀က်ကို ပလတ်စတစ်အကြည် အုပ်ပြီ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းပေးထားပါ။ ကျန်တ၀က်ကို ကြော်ပါမည်။
  • မှတ်ချက်။ ။ ရေခဲသေတ္တာထဲတွင် သိမ်းထားတဲ့ မန်ထိုများကို မကြော်မှီ ၁နာရီခန့် အခန်းအပူချိန်မှာ ပြန်ထားပေးထားပါ။

၅။ ဒယ်ထဲသို့ ဟင်းရွက်ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ခန့်ထည့်ပြီ မီးအသင့်တင့်ဖြင့် တဖက်ကို ၁မိနစ်နှုန်းဖြင့် အဖုံးအုပ်၍ ၂မိနစ် မှ ၃မိနစ်ခန့် ကြော်ပေးပါ။
၆။ ဖက်ထုပ်များ အညှိရောင်သန်းလာလျှင် ရေ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ အဖုံးပြန်အုပ်ပြီမှ ချပေးပါ။

ရ။ မန်ထိုများ ရပြီဆိုလျှင် ပန်းကန်ပြားထဲသို့ ပြောင်းထည့်၍ ကင်ချီ(သို့) ဆော့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Tips: ဆော့လုပ်နည်းမှာ ဗီနီကာ နှင့် ပဲငံပြာရည်အကြည်ကို ဆတူရောမွှေလိုက်ပါ။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ