http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: ကြက်သားကင်ပေါက်စီ

Monday, September 8, 2014

ကြက်သားကင်ပေါက်စီ


ကြက်သားကင်ပေါက်စီ
မနက်စာအဖြစ် ပေါက်စီကို အစားများကြပါတယ်။ အများစုက ပေါက်စီကို အိမ်မှာလုပ်မစားပဲ ၀ယ်စားကြတာ များပါတယ်။ ၀တ်ရည်ကတော့ အပြင်က၀ယ်စားတာထက် အိမ်မှာလုပ်စားတာ ပိုနှစ်ချိုက်တယ်။ ကိုယ်ထည့်ချင်တဲ့ အစားပလာတွေ ထည့်လို့ရတယ်။ အရသာလည်း မတူဘူး ပိုစားကောင်းတယ်။ ဘယ်သူမဆို အိမ်မှာ ပေါက်စီကို လုပ်စားနိုင်အောင် တင်လိုက်ခြင်းဖြစ်ပါသည်။
ပေါက်စီ ဒိုးတွင် ပါဝင်သောပစ္စည်းများ (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
၁။ ပေါက်စီလုပ်သည့် ဂျုံ (low-gluten flour) – ၁၂၀ ဂရမ်
၂။ Double Action Baking Powder – လက်ဖက်ရည်ဇွန်း တ၀က်
၃။ Instant Yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ သကြား (Castor sugar) – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ Shortening – စားပွဲတင်ဇွန်း တ၀က်
(မှတ်ချက်။ ။Shortening ၀ယ်မရလျှင် ဟင်းရွက်ဆီကိုသုံးပါ)

၆။ ရေ – ၁နို့ဆီဘူး တ၀က်
အစာသွပ်တွင် ပါဝင်သောပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၁၅ကျပ်သား (ကင်ပြီးသား)
၂။ သကြား – စားပွဲတင်ဇွန်း တ၀က်
၃။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း တ၀က်
၎။ ရေ – စားပွဲတင်ဇွန်း ၇ဇွန်း
၅။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၇။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်သွန်နီ – ၂လုံး ( ၈စိပ်စိပ်ပါ)
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း
၁။ ကြက်သားကို barbecue ဆော့(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆီအနည်းငယ်ထည့်၍ 0ven ဖြင့် မိနစ်၃၀ခန့် ကင်ပေးပါ။
၂။ ပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီး အစာသွပ်တွင် ပါဝင်သည့် ပစ္စည်းအားလုံးကို ထည့်မွှေပေးပါ။
၃။ အစာသွပ်ရန် ချက်ပြီးလျှင် ဒိုးကို စလုပ်ရမည်။
ဒိုးလုပ်နည်း
၁။ ဒိုးလုပ်ရာတွင် ပါဝင်သော ပစ္စည်းအားလုံးကို ရောနုယ်လိုက်ပါ။ ဒိုးကို နာနာနုယ်ပေးပါ။ ဒိုးအနေထားသည် ချောမွတ်သော အနေထားတွင် ရှိနေရမည်။
၂။ ပြီးလျှင် ဒိုးကို ထလိမ့်တုံးဖြင့် ၃လက်မခွဲ အရွယ်အ၀ိုင်းဖြစ်အောင် လိမ့်ပေးပါ။
၃။ ထို့နောက် အစာသွပ်ရမည့် အသားများကို အလုံးလုံး၍ ဒိုးပြားထဲထည့် ပေါက်စီပုံဖော်ပါ။


၎။ ပေါက်စီအောက်ဘက်ကို ဆီအနည်းငယ်သုတ်ပြီး ပန်းကန်လုံးတစ်ခုထဲထည့်ပါ။ ရေစွပ်ထားသော အ၀တ်ဖြင့် အပေါ်မှ ၂နာရီခန့် အုပ်ထားပေးပါ။
၅။ ပေါက်စီ ၂ဆကြီးလာပြီးဆိုလျှင် အပူခံ ပန်းကန်ပြားထဲထည့် ပေါင်းအိုးထဲ ၁၀မိနစ်ခန့် ထည့်ပေါင်းပေးပါ။
၆။ အရသာထူးခြားသော ကြက်သားကင်ပေါက်စီကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီး။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ