http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: Tikka ကြက်သားကင် နှင့် ချိစ်

Friday, October 24, 2014

Tikka ကြက်သားကင် နှင့် ချိစ်

Tikka ကြက်သားကင် နှင့် ချိစ်

ကြက်သား Tikaကင်ကို အိန္ဒိယစတိုင်နဲ့ အနောက်တိုင်းစတိုင်ကို Fusion လုပ်ထားတဲ့ ချက်နည်းပါ။  ကြက်သားကို နူအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ အရသာက အီစိမ့်စိမ့်လေးဖြစ်အောင် ချိစ်ကို ထည့်နုယ်ထားပါတယ်။ အအီပြေအောင် သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံ – ၂ခု (၄၀၀ ဂရမ်) (၁လက်မအရွယ် အတုံးများတုံးထားပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပြီ အရည်ညှစ်ထားပါ)

  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ပါ)
  • ဒိန်ချဉ် – ခွက်တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇာပွင့် – အနည်းငယ်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ရင်ဗုံကို ၁လက်မအရွယ် အတုံးများ တုံးပေးပါ။
၂။ ပြီလျှင် (ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်း) တို့ကို သမအောင် ရောနုယ်ပါ။

၃။ ခွက်တစ်ခုထဲမှာ (ချိစ်၊ ဒိန်ချဉ်) ကို ရောမွှေလိုက်ပြီ ကြက်သားဖြင့် ပြန်ရောနုယ်ပေးပါ။
၎။ ပြီမှ မဆလာ၊ ဖာလာ၊ ဆနွင်း၊ ဇာပွင့်၊ ဆား၊ နံနံပင်၊ ဆီ ထည့်ပြီ သမအောင်ရောနုယ်ကာ ကြက်သားကို ၂နာရီခန့် ရေခဲသေတ္တာအောက်ထပ်တွင် နုပ်ထားပေးပါ။

၅။ ၀ါးတုတ်များကို မသီမှီ နာရီဝက် ရေစိမ်ထားပေးပါ။
၆။ ကြက်သားများကို ၀ါးတုတ်တွင် သီပေးပြီ တဖက်ကို ၂-၃မိနစ်ခန့် ကြက်သားကျက်သည်အထိ ကင်ပေးပါ။

ရ။ ပြီနောက် Tikka ကြက်သားကင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး၊ နံနံပင် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါသည်။

——————————————————————————————————————–

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ