http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: ကြက်သားတို့ဟူး မြေအိုးဟင်း

Monday, November 11, 2013

ကြက်သားတို့ဟူး မြေအိုးဟင်း





ပါဝင်သောပစ္စည်းများ
၁။ ကြက်သား (ရင်ဗုံသား) – ၂၀ကျပ်သား (အပါးအစောင်းလှီးပါ)

၂။ တို့ဟူး – ၂ခု (အ၀ိုင်းအတုံးလေးများတုံးပါ)
၃။ မုန်ညင်းစိမ်း(တရုတ်မုန်ညင်း) – ၁စည်း (၁လက်မအရွယ် ပါးပါးလှီးပါ)
၎။ မုန်လာဥနီ – ၁ဥ (ပါးပါးလှီးပါ)
၅။ မျှစ်(ချို) – ၃ခု (ပါးပါးလှီးပါ)
၆။ ကော်မှုန့် – စားပွဲရည်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)
ရ။ ကြက်ပြုတ်ရည်(သို့)ရေ – လက်ဖက်ရည် ပန်းကန်ုးလုံး ၁လုံးစာ
၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
အရသာ အတွက် ပါဝင်သောပစ္စည်းများ
၁။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း
၎။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ
၅။ ဆား၊ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ အ၀ိုင်းလေးများ တုံးထားသော တို့ဟူးများကို ဒယ်ထဲ ဆီဆီများများထည့်၍ အညှိရောင်သန်းသည်အထိ ကြော်ပေး၍ ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။
၂။ ပြီးလျှင် ပါးပါးအစောင်းလှီးထားသော ကြက်သားများကို (ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ရောနယ်လိုက်ပါ။
၃။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၎။ ထို့နောက် ဒယ်ထဲသို့ ရောနုယ်ထားသော ကြက်သားများကို ထည့်ပြီ မွှေလိုက်ပါ။
၅။ နောက်မှ မုန်လာဥနီ၊ မျှစ်တို့ကို ထည့်ပြီ ကြက်ပြုတ်ရည်များကို လောင်းချလိုက်ပါ။
၆။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကျန်ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ရောထည့်မွှေလိုက်ပါ။
ရ။ အရသာအနေတော်လျှင် ကြော်ထားသော တို့ဟူးများကို ထည့်မွှေလိုက်ပါ။ ပြီးမှ ဒယ်ထဲမှ မြေအိုးထဲသို့ ပြောင်းထည့်ပေးပါ။
၈။ မြေအိုးကို မတည်ခင် မုန်ညင်းရွက်များထည့်ပြီ အဖုံးအုပ်၍ ၁မိနစ်ခန့် မြေအိုးကို မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။
၉။ မြေအိုး ပွက်ပွက်ဆူလာမှ ဖျော်ထားကော်ရည်ကို အဖုံးဖွင့်၍ လောင်းချပြီ ရောမွှေလိုက်လျှင် အရသာအထူးကောင်းမွန်သည့် ကြက်သားတို့ဟူး မြေအိုးဟင်းကို ထမင်းဖြင့် ပူပူနွေးနွေး စားသုံးနိုင်ပါပြီ….

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ