http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: မဟာဗန္ဓုလ ကို လူတိုင်းသိမယ်ထင်ပါတယ်။ သူ့အရိုးဂူကို ဘယ်မှာထားလဲ ဆိုတာ သိသူနည်းမယ်ထင်ပါတယ်။

Sunday, November 10, 2013

မဟာဗန္ဓုလ ကို လူတိုင်းသိမယ်ထင်ပါတယ်။ သူ့အရိုးဂူကို ဘယ်မှာထားလဲ ဆိုတာ သိသူနည်းမယ်ထင်ပါတယ်။







ဓနုဖြူတိုက်ပွဲမှာ ကျရူံးတော့ မဟာဗန္ဓုလ ကို ခံတပ်အတွင်းမှာပဲ မီးသင်္ဂြိုဟ်ပါ တယ်။ အရိုးပြာကို ရွှေအိုး(တကယ့်ရွှေအစစ်) ထဲ ထည့်ပါတယ်။ တခြား စစ်သူကြီးတွေက ရွှေအိုးကို သူတို့ ကိုယ်တိုင်သယ်ပါတယ်။ နောက် မလွန်မြို့ နား ရောက်တော့ ဗိုလ်မှူးမင်းရဲခေါင်က ဦးဆောင်ပြီး ယာယီဂူတခု ဆောက်လုပ် ပေးပါတယ်။ ဘာလို့ မလွန်မှာ ထားခဲ့တယ် ဆိုတာ မသိရပေမယ့် စစ်တပ်ကို နောက်ဆုတ်ဖို့ နေပြည်တော်က အမိန့်လာ တဲ့အတွက် တပ်ဆုတ်ရင်း မလွန်မြို့မှာ ဂူသွင်းထားခဲ့တာပါ။

မင်းလှခံတပ်ဗိုလ်မှူး ဗလမင်းထင် က အရိုးအိုးကို သူများခိုးယူဖျက်စီးမှာ စိုးတဲ့ အတွက် အရိုးဂူကို ငုံပြီး စေတီတည်လိုက်ပါတယ်။ ၁၉၆၄ မှာ မဟာဗန္ဓုလ ရဲ့ အရိုးဂူနေရာက ရေမလွတ်တဲ့အတွက်
ရှေးဟောင်းသုတေသနဌာနက ဦးဆောင်ပြီး
မြသပိတ်စတီတော်ရဲ့ တောင်ဘက်သို့ ပြောင်းရွှေ့ကာ ရှေးမူအတိုင်း ပြန်လည် တည်ဆောက် ထားပေးပါတယ်










No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ