http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: Mobile အကြောင်းတစေ့တစောင်း

Sunday, January 11, 2015

Mobile အကြောင်းတစေ့တစောင်း



Mobile အကြောင်းတစေ့တစောင်း
=====================



မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile Network တွေအကြောင်းကို မသိသေးတဲ့ လူငယ်တွေအတွက် အနည်းအကျဉ်း လေ့လာမိသလောက် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ Mobile Network လို့ခေါ်တယ်ဆိုမှတော့ Mobile Phone စနစ်ကို အခြေခံပြီး တည်ဆောက်ထားလို့ပေါ့နော်။ ကျွန်တော် လေ့လာမိသလောက်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile စနစ်က လောလောဆယ် (၆) မျိုး ရှိနေပါတယ်။
၁။ Cellular
၂။ ခြင်းဖုန်းလို့ လူသိများတဲ့ CDMA
၃။ GSM
၎။ WCDMA
၅။ CDMA 450 MHz (ကမ်းရိုးတန်းဖုန်း)
၆။ CDMA 800 MHz ဆိုပြီး ရှိပါတယ်။

အဲဒီထဲကမှ ဒီနေ့ နာမည်အကြီးဆုံးနဲ့ Standard အရှိဆုံးကတော့ GSM Network စနစ်ပေါ့နော်။ ၁၉၈၀ ခုနှစ်လောက်က ဥရောပနိုင်ငံတွေမှာ Analog Cellular System ဆိုပြီးတော့ Local အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ Local ဆိုတာက ပြည်ပနိုင်ငံတွေရဲ့ ကွန်ယက်တွေ အတွင်းကို ၀င်ရောက် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဥပမာ - အင်္ဂလန်ဆို အင်္ဂလန် နိုင်ငံအတွင်းမှာပဲ ပြောလို့ ရပါတယ်။ တခြား အမေရိက တို့ ပြင်သစ်တို့ရဲ့ Network တွေထဲကို ၀င်ရောက် ပြောဆိုလို့ မရသေးပါဘူး။ အဲဒီလိုနဲ့ ၁၉၈၂ ခုနှစ်လောက်မှာ ဥရောပနိုင်ငံကြီးတွေ စုစည်းပြီးတော့ Mobile Network အတွက် စံသက်မှတ်ချက် တစ်ခုထားနိုင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီနောက် Group Special Mobile လို့ခေါ်တဲ့ GSM ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

၁၉၈၇ ခုနှစ်လောက်မှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ဖို့ရန် တူညီတဲ့ Network တစ်ခုအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံ ပေါင်းပြီး Cellular Phone Network ဆိုတဲ့ ကွန်ယက် တစ်ခုကို သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ သုံးနေကြတဲ့ နာမည်အကြီးဆုံး အအောင်မြင်ဆုံး Standard အရှိဆုံး GSM Network ကို အဲဒီလိုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ဥရောပ နိုင်ငံ တော်တော်များများမှာ နေရာ ကန့်သတ်ချက် မရှိပဲ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကန့်သတ်ချက် မရှိတော့ပဲ လွတ်လပ်စွာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း GSM ရဲ့ မူလ အခေါ်အဝေါ် Group Special Mobile ကို ပိုမို ကြီးမားတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် သက်ရောက်စေရန်အတွက် Global System for Mobile Telecommunications ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

GSM Network မှာ အသုံးပြုထားတဲ့ Frequency Rate အနေနဲ့ကတော့ 850MHz ၊ 900 MHz ၊ 1800 MHz ၊ 1900 MHz ဆိုပြီး ရှိပါတယ်။ လူဦးရေ သိပ်သည်း ထူထပ်တဲ့ မြို့ပြနိုင်ငံကြီးတွေမှာ ဆိုရင်တော့ Frequency အနိမ့်ပိုင်းတွေကို အသုံးပြုကြပါတယ်။

အရှေ့တောင် အာရှနိုင်ငံ တော်တော်များများနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို အခု လက်ရှိ 900 MHz ကို အသုံးပြုထားပါတယ်။ တောင်အမေရိကတိုက် ၊ မြောက်အမေရိကတိုက် နဲ့ အာရပ်နိုင်ငံတို့လို ကွင်းပြင် ၊ တောင်တန်း ၊ သစ်တောတွေ ထူထပ်ပေါများတဲ့ နိုင်ငံမျိုးတွေ ၊ လူနေကျဲပါးဝေးလံတဲ့ ဒေသမျိုးတွေ ဆိုရင်တော့ လိုင်းအားပြင်းတဲ့ 1800 MHz ၊ 1900 MHz တို့ကို အသုံးပြုပါတယ်။ ဒီလို Frequency အမြင့်ပိုင်းတွေကို လူဦးရေ သိပ်သည်းထူထပ်တဲ့ နိုင်ငံတွေမှာတော့ တခြားသော Radio Network ကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့ အတွက် အသုံးမပြုကြပါဘူး။

WCDMA ဆိုတာက GSM ရဲ့ အဆင့်မြင့် system တစ်ခုပါ။ သူ့ရဲ့ Frequency Rate ဟာလဲ 900 MHz နဲ့ အလုပ်လုပ်ဆောင်ပါတယ်။ လူတွေ ပြောပြောနေတဲ့ 3G (Third Generation) ပေါ့နော်။ ကိုရီးယားမှာတော့ 4G အထိ အပြည့်အ၀ လုပ်ဆောင်နိုင်ပြီး TV Channel တွေပါ Mobile Phone ပေါ်မှာ ကြည့်နိုင်နေပါပြီ။

တကယ်တမ်း ဆိုရင်တော့ 3G စနစ် အမှန်အကန် တစ်ခုက Video Configuration စနစ်ကို ကောင်းကောင်းကြီး support လုပ်ပေးနိုင်ပါတယ်။ အင်တာနက် ချိတ်ဆက် အသုံးပြုမယ်ဆိုရင်လဲ 1000 MHz နီးပါးနဲ့ သာသာယာသာ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် သိတာတော့ WCDMA ရဲ့ ထောက်ပံ့ပေးထားတဲ့ အစစ်အမှန်မှာ 3gpp (Third Generation Partnership Project) လို့ ခေါ်ပါတယ်။

CDMA လို့ ခေါ်ကြတဲ့ Code Division Multiple Access ဆိုတာဟာ ၂၀၀၀ ခုနှစ်လောက်ကမှ ခေတ်စားလာတဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာဆို CDMA 450 MHz နဲ့ CDMA 800 MHz ဆိုပြီး လူသိများပါတယ်။ အသုံးပြုတဲ့ နိုင်ငံတွေဆိုတာကတော့ တော်တော်ကို နည်းပါးနေပါပြီဗျာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ လက်ရှိ အသုံးပြုနေဆဲပါပဲ။ CDMA 800 MHz လိုင်းတွေဟာ ဆိုရင်တော့ လိုင်းမှာ အမြဲကြည်လင်နေပြီးတော့ ဖုန်းလိုင်း ပြတ်တောက်တယ်ဆိုတာ အတော် ဖြစ်ခဲပါတယ်။ သူက Frequency 800 MHz နဲ့ 900 MHz အတွင်းမှာ သုံးစွဲနေပါတယ်။

CDMA ဖုန်းတွေဟာ ပြင်းထန်တဲ့ လိုင်းဆွဲအားကို အမြဲရှာဖွေ အသုံးပြုနေတာ ဖြစ်တဲ့အတွက် ဖုန်း Battery သက်တမ်းကလဲ အကုန်မြန်တာကို တွေ့ရပါတယ်။ CDMA ဖုန်းတွေမှာ ဆိုရင် 450 MHz ကတော့ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ Uplink 455 နဲ့ Downlink 465 MHz ၀န်းကျင်မှာသာ အသုံးပြုနေတာ ဖြစ်တဲ့အတွက် Data သယ်ပို့နိုင်စွမ်း မရှိပါဘူး။ CDMA 800 MHz ဖုန်းတွေကို အင်တာနက် အသုံးပြုလိုတယ် ဆိုရင်တော့ EVDO (Evolution Data Optimized) စနစ်ကို လျှောက်ထားပြီး အသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ