Thursday, September 18, 2014
ထိပ်ဆုံးသို့
တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ၊
တစ်တောင်ဆုံးပြန်တော့၊
တစ်လုံးကျန်ပြန်ပေသမို့၊
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊
ကြိုးလျှောက်ရပြန်၊
ခါတစ်လေ တကယ်ပန်းတာကြောင့်၊
တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်ပါ့မလား၊
စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား ။ ။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
Labels
- Android APK (11)
- Hlaing Bwer Aung စာအုပ်စင် (1)
- Video (3)
- ကဗျာ (1)
- နည်းပညာဆောင်းပါး (10)
- မုန့်လုပ်နည်း (14)
- ဟင်းချက်နည်း (20)
- ဆောင်းပါး (10)
No comments:
Post a Comment