http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung

Monday, July 21, 2014

ထိုင်းစတိုင် ငါးဖယ်ကြော်

ထိုင်းစတိုင် ငါးဖယ်ကြော်

ထိုင်းဟင်းအနှစ်နဲ့ ငါးဖယ်ကို ရောနုယ်ပြီ ကြော်ထားတဲ့ ငါးဖယ်ကြော်လေးပါ။ ချိုချိုစပ်စပ် အရသာရှိတဲ့ ငါးဖယ်ကြော်က အစားပြေအဖြစ် စားဖို့ရော၊ ထမင်းနဲ့တွဲဖက် စားသုံးဖို့ပါ အလွန် သင့်တော်ပါတယ်။ စားနေကျ ငါးဖယ်ကြော် အရသာနဲ့ မတူပဲ တမူထူးခြားတဲ့ အရသာကိုပါ ရရှိမှာပါ။ ချက်နည်းလေး ကြည့်လိုက်ရအောင်…
ထိုင်းဟင်းအနှစ် အတွက် ပါဝင်ပစ္စည်းများ
၁။ ဇီယာစေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (လှောင်ပြီသား)
၂။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ငရုတ်သီးခြောက် – ၄ခု (ရေစိမ်ပြီ နှုတ်နှုတ်စဉ်းပါ)
၎။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)

၅။ စပါးလင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၈။ ပဒယ်ကော – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၉။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
ငါးဖယ်ကြော်အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းဟင်းအနှစ်
၂။ ငါးဖယ်ခြစ် – ၂၅ကျပ်သား
၃။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
၎။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ နံနံပင် – စားပွဲတင်ဇွန်း တ၀က်
၆။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ပဲသီး – ၂ခု (အရှည် ပါးပါးလှီးပေးပါ)
ချက်ပြုတ်နည်း
၁။ ထိုင်းဟင်းအနှစ်တွင် ပါဝင်ပစ္စည်များ အားလုံးကို blender (ကြိတ်စက်)ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။

၂။ ပြီလျှင် ထိုင်းဟင်းအနှစ်များကို ခွက်တစ်ခုထဲထည့်ထားပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲတွင် (ငါးဖယ်၊ ထိုင်းဟင်းအနှစ်၊ ငါးငံပြာရည်၊ ကြက်ဥ၊ နံနံပင်၊ သကြား၊ ပဲသီး) တို့ကို သမအောင် နုယ်ပေးပါ။

၎။ ထို့နောက် နုယ်ထားသော ၂လက်မအရွယ် အ၀ိုင်းပြားလေးများ လုပ်ပေးပါ။

၅။ ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာမှ ငါးဖယ်များကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၆။ ငါးဖယ်များကို ဇကာဖြင့် ပြန်ဆယ်ပြီ အစာပြေအဖြစ် စားသုံးနိုင်ပါပြီ…

ဂဏန်း မာဆလာဟင်း

ဂဏန်း မာဆလာဟင်း

ဂဏန်းကို အရသာကောင်းကောင်းနဲ့ စားချင်သူတွေအတွက် ဂဏန် မာဆလာချက်ဟင်း လေးပါ။ ဒီတစ်ခါတော့ တခြား ထိုင်းဟင်းတွေလို အစပ်မပါပဲ အချိုချက်နည်းလေးပါ။ ချက်နည်းကို တူတူကြည့်ရအောင်
ပါဝင်ပစ္စည်းများ
၁။ ဂဏန်း – ၆ကောင် (အခွံဖယ်ပြီ သန့်စင်အောင် လုပ်ထားပါ)
၂။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

၎။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
ရ။ ကြက်သွန်မြိတ် – ၁စည်း (အရှည်ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
၉။ မာဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး သန့်စင်ထားသော ဂဏန်းခွံများကို အရောင်လှအောင် ဒယ်ထဲ ဆီများများဖြင့် ၁မိနစ်ခန့် ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၂။ ထို့နောက် ဂဏန်းများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ခန့်ဖြင့် သမအောင်နုယ်ပြီ ဂျုံများဖြင့် ကပ်ပေးပါ။


၃။ ပြီမှ ဒယ်ထဲ ဆီများများဖြင့် ဂဏန်းများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၎။ ဂဏန်းမာဆလာချက် စချက်ပါတော့မည်။
၅။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၆။ ပြီမှ ဆနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) ထည့်ပေးပြီ ရေအနည်းငယ် ထည့်လိုက်ပါ။
ရ။ ထို့နောက် မာဆလာ(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ ပဲငံပြာရည်၊ ကြက်သားမှုန့်နှင့် ခလောက်ထားသော ကြက်ဥများကို မွှေတံဖြင့် ခပ်နာနာလေးမွှေပေးရင်း လောင်းထည့်လိုက်ပါ။

၈။ ပြီနောက် ကြက်သွန်မြိတ်၊ ဂဏန်းများကို ထည့်ကာ ရောမွှေပေးပါ။
၉။ အပေါ်မှ မာဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် ၊ နံနံပင်များ အုပ်ကာ ဂဏန်းမဆလာ အချိုချက်ဟင်းကို စားသုံးနိုင်ပါပြီ…

ကြက်ဆီထမင်း

ကြက်ဆီထမင်း

ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်

  • နံနံပင်                                                          ♦ ၁စည်း (ရေဆေးထား အမြီဖြတ်ပါ)
  • သခွာသီး                                                     ♦ ၁လုံး (အခွံနွှာ အ၀ိုင်းလှီးပါ)
  • ရေ                                                               ♦ ရခွက်
  • ဂျင်း                                                             ♦ ၆ပြား (ပါးပါးလှီးပြီသား)
  • ကြက်သွန်ဖြူ                                              ♦ ရခု (နှုတ်နှုတ်စဉ်းပေးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် အကြည်      ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် အနောက်    ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငပိ အနှစ်                     ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • သကြား                          ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဗီနီကာ                           ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဂျင်း                                ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်သီးနီ(သို့)စိမ်း      ♦ ၅ခု (ပါးပါးလှီးပါ)

ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ခွက်တစ်ခုထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ဂျင်း၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။

ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။
မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။ ၀တ်ရည်က ပိုကောင်းအောင် ကြက်အရေခွံသီးသန့် ၀ယ်ထားပြီ ကြော်ခြင်းဖြစ်သည်။

၂။ ပြီလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။


 ကြက်ဆီထမင်းချက်နည်း
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။

၎။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။

ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။

၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။


၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။

၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

မှတ်ချက် ။       ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်..

အာလူး ပူတီ၊ ချာပတီ


အာလူး ပူတီ၊ ချာပတီ

အာလူးဟင်းအတွက် ပါဝင်သောပစ္စည်းများ
၁။ ကြက်ပေါင် – ၂ခု (တ၀က်ပိုင်းပေးပြီ ဆား၊ ကြက်သားမှုန့်တို့ဖြင့် နုယ်ထားပေးပါ) (Optional)
၂။ အာလူး – ၇ လုံး (အတုံးသေးများ တုံးပါ)
၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်း)
၎။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း)
၅။ ကလဝေရွက် -၂ ရွက်

၆။ သစ်ဂျပိုး – ၂ခု
၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
၈။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ မုန့်ညှင်းစေ့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၁၀။ ဇီယာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၁၁။ ဆား၊ ကြက်သားမှုန့်
အာလူးဟင်း ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပါ၊ ကြက်သွန်ဖြူ၊ နီကို အညှိရောင်သန်းလာသည်အထိ ဆီထိုးပါ။
၂၊ ပြီးလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့် ထည့်ပြီ မွှေပေးပါ။ ထို့နောက် ကြက်သားများကို ဒယ်ထဲ ထည့်ကာ ရောမွှေပေးပါ။
၃။ ပြီနောက် အားလူး၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ကလဝေရွက်၊ သစ်ဂျပိုး ထည့်ပါ။
၎။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ပါ။

ပူတီ၊ ချာပတီ အတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၁၅၀ ဂရမ်
၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ရေ
ပူတီ၊ ချာပတီ လုပ်နည်း
၁။ ဂျုံ၊ ဆား၊ ရေ ကိုသမအောင်ရောနုယ်ပေးပါ။ ဂျုံဒိုးကို ပျော့သွားလျှင် ဂျုံထပ်ထည့်ပေးပါ။
၂။ ပြီးလျှင် နုယ်ထားသော ဂျုံဒိုးကို ဆီအနည်းငယ် ထည့်ကာ ၁လက်မအရွယ် အလုံးလေးများလုံးပေးပါ။

၃။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။


၎။ ဒယ်ထဲတွင် ဆီနည်းနည်းထည့်ကာ ဂျုံပြားများကို ထည့်ကြော်ပေးပါ။ ချာပတီများကို အသင့်စားနိုင်ပါသည်။

မှတ်ချက်။ ။ ဆီများများနှင့် ဂျုံပြားကို ကြော်ပါက ပူတီိကို ရရှိမည် ဖြစ်ပါသည်။


၅။ အရသာ ထူးကဲပြီး အိန္ဒိယအနံသင်းစေသည့် အာလူး ပူတီ၊ ချာပတီကို သုံးဆောင်နိုင်ပါပြီ။

ကြက်သားအကြွပ်ကြော် အချိုဟင်း


ကြက်သားအကြွပ်ကြော် အချိုဟင်း
ဒီဟင်းလျာကို ကိုရီးယားလို Dak Kang Jung လို့ခေါ်ပါတယ်။ ကိုရီးယားမှာ အလွန်လူကြိုက်များသော ဟင်းလျာဖြစ်ပြီ ကြက်တစ်ကောင်လုံးကို အကြွပ်ကြော်ကာ ဆော့အချိုနဲ့ရောချက်ထားတာ ဖြစ်ပါတယ်။ ၀တ်ရည်ကတော့ ကြက်တစ်ကောင်လုံးအစား ကြက်တောင်ပုံ အသုံးပြုပြီ ဒီဟင်းလျာကို ချက်ပြုတ်ထားတာပါ။ အရသာကတော့ စားလိုက်ရင် ကြွပ်ရွပြီ ချိုစိမ့်တဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းကလည်း လွယ်တာမို့ တူတူပဲ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ကြက်တောင်ပုံ – ၆ခု
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဂျုံ – ဆန်ချိန်ခွက် တ၀က်
ကော်မှုန့် – ဆန်ချိန်ခွက် တ၀က်
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
မြေပဲ – လက်တဆုတ်စာ
ကိုရီးယားငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း တ၀က်

ဆော့တွင် ပါဝင်ပစ္စည်းများ
၁။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (အရှည်လေးများ လှီးပါ)
၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၎။ ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်တောင်ပံများကို သန့်စင်ပြီ တောင်ပံနှင့်ပေါင်ကြားကို ပိုင်းဖြတ်ပေးပါ။
၂။ ပြီလျှင် တောင်ပံများကို ဇလုံတစ်ခုထဲထည့်သို့ ထည့်၍ (ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ) တို့ဖြင့် ရောနုယ်လိုက်ပါ။
၃။ ပြီမှ ဂျုံနှင့်ကော်မှုန့်ကို ရောနုယ်ပြီ ကြက်တောင်ပံများဖြင့် ရောမွှေလိုက်ပါ။

၎။ ဒယ်ထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညှိရောင်သန်းပြီ ကျက်သည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီလျှင် ဒယ်ထဲမှ ပန်းကန်ပြားထဲသို့ ပြန်ဆယ်ထားပေးပါ။

၅။ ပြီနောက် ဆော့ချက်ပါမည်။ ဆော့ချက်ရည် ဒယ်အိုးတစ်ခုထဲသို့ ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီ ပူလာလျှင် ဂျင်းများ ထည့်ပေးပါ။
၆။ ပြီမှ (ပဲငံပြာရည်၊ သကြား၊ ဗီနီကာ) တို့ကို ထည့်ပြီ ၅မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ထားပါ။


ရ။ ဆော့ရည်ပျစ်လာလျှင် ကြော်ထားသော ကြက်သား၊ ငရုတ်သီးအနှစ်၊ မြေပဲတို့ဖြင့်ေ၇ာမွှေလိုက်ပါ။
၈။ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ပြီ လောင်းထည့်ပြီ မွှေပေးပါ။
၉။ မီးပိတ်၍ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ…

ကိုရီးယားကင်ချီ


ကိုရီးယား ကင်ချီ
ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ တွဲဖက် စားသုံး နိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့် ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
  • မုန့်ညှင်း                               ♦ ၁ထုပ် (အကြီး)
  • မုန်လာဥနီ [carrot]               ♦ ၂ဥ (အရှည်ပါးပါးလှီးပါ)
  • ဆား [salt]                         ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် [hot pepper flakes]      ♦ စားပွဲတင်ဇွန်း ၅ဇွန်း

  • ငါးငံပြာရည် [fish sauce]        ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား [sugar]                   ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်ဖြူ [garlic]             ♦ ၆ခု (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် (သို့) သခွာသီး   ♦ ၁စည်း ( အစောင်းပါးပါးလှီးပါ) [ထည့်လိုက ထည့်နိုင်သည်]
ကင်ချီလုပ်နည်း [Kimchi Recipes]
၁။ ဂေါ်ဖီကို ၁လက်မခွဲအရွယ်လေးများ ဓားဖြင့် စိတ်ပိုင်းလိုက်ပါ။
၂။ ပြီးလျှင် စတီဇလုံတစ်ခုထဲ ထည့်၍ ရေအေး၊ ဆားထည့်၍ ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင် မုန့်ညှင်းများကို ရေဖြင့် သေချာ ပြန်ဆေးပြီ ရေပြန်စစ်ထားပေးပါ။

၃။ ကင်ချီအနှစ်ကို ပြုလုပ်ပါမည်။ ကင်ချီအနှစ်အတွက် စတီဇလုံထဲသို့ (မုန်လာဥနီ၊ ငရုတ်သီးမှုန့်၊ သကြား၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို ထည့်၍ လက်ဖြင့် သမအောင် ရောနုယ်လိုက်ပါ။

၎။ ထို့နောက် ကင်ချီအနှစ်ဖြင့် ထည့်ထားသော ဇလုံထဲသို့ မုန်ညှင်းများကို ရောနုယ်လိုက်ပါ။


၅။ ပြီနောက် ကင်ချီများကို ပလတ်စတစ်ဗူး(သို့) အိတ် ထဲသို့ ထည့်ပြီ အဖုံးကို လုံအောင် ပိတ်ထားလိုက်ပါ။

၆။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်၍ ၁ပတ်ခန့်သိပ်ပေးပြီ အချဉ်နံ့ထွက်လာပါက ကင်ချီကို ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…

တိုဟူးပေါင်း


တို့ဟူးပေါင်း

ဒါကတော့ ကိုရီးယားစတိုင် တို့ဟူးပေါင်းလေးပါ။ ကိုရီးယားမှာ တို့ဟူးကို စွတ်ပြုတ်၊ အကင်၊ ဟင်း မျိုးစုံ လုပ်စားသည့်အထဲတွင် တိုဟူးကို ပေါင်းသည့်နည်းလေးဖြင့် မိတ်ဆက်ပေးပါရစေ။ အရသာက ချိုစပ်လေးနှင့် စားချင်စဖွယ်လေးပါ။ ၀တ်ရည်ကတော့ ထမင်းနဲ့စားတဲ့အခါ ဟင်းရံအဖြစ်တွဲဖက် စားသုံးပါတယ်။ အချိန်တိုတိုဖြင့် လုပ်စားနိုင်တာမို့ ဒီဟင်းလျာကို အားလုံး ကြိုက်နှစ်သက်ကြမှာပါ…
ပါဝင်ပစ္စည်းများ
တို့ဟူး – ၃၀၀ဂရမ်
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၄ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ တို့ဟူးကို ဓားဖြင့် ၂ပိုင်းပိုင်းလိုက်ပါ။ ( လှိုင်တွန့်ဓား ရှိပါက ဘေးသားများကို လှိုင်တွန့်များ ဖြစ်အောင် အနည်းငယ် လှီးဖြတ်ပေးပါ။)

၂။ ထို့နောက် ပန်းကန်တစ်ခုထဲ ထည့်၍ ပေါင်းအိုးဖြင့် ၁၅မိနစ်ခန့် မီးများများဖြင့် ပေါင်းပေးထားပါ။

၃။ ပြီမှ ဆော့ရည်အတွက် (ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်) တို့ကို ခွက်တစ်ခုထဲ ရောမွှေထားပါ။

၎။ တို့ဟူးများ ပေါင်းပြီလျှင် အပေါ်မှ ဆော့များကို လောင်းချပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပါ။
၅။ အရသာရှိပြီ ကျန်းမာရေးနှင့် ညီညွှတ်သည့် တို့ဟူးပေါင်းကို စားသုံးနိုင်ပါပြီ…
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ