Wednesday, November 13, 2013
Android ဖုန်း ကို အင်တာနက် မြန်အောင်လုပ် နည်း
E က တော့ Gsm လိုင်း ကနေ အင်တာနက် သုံးနေ တာ ဖြစ် ပြီး H ကတော့ wcdma လိုင်းကနေ သုံးနေ တာ ဖြစ်
ပါတယ် ။သို့ သော် အသုံးပြု ခ ၄ကျပ် သို့ ပြောင်းလဲ သွား ပါတယ် ။
ကောင်းချက် - အင်တာနက် ပိုမို သိသာ စွာ မြန်လာ ပါ သည် ။
ဆိုးချက် - ဆက်သွယ် ရေးတိုင် နည်း သဖြင့် ဖုန်း လိုင်း တိုင် များ နည်းသွားနိုင်သည် ။
ပုံမှန် Android ဖုန်းများ တွင် Settings - Wireless and network -Mobile Networks - Network mode -
WCDMA only ပြောင်းပေးလိုက် ပါ ။ထိုချိန် တွင်း အင်တာ နက် ပိတ်ထားဖို့ လိုပါတယ် ။
Android 4.0 ics များ တွင် Settings - Wireless and network အောက်မှာ More ထဲဝင်-Mobile Networks -
Network mode - WCDMA only
တစ်ချို့ android phone တွေဟာ Network mode မပါဘူး..အဲဒီ phone တွေအတွက် ဒီ code
နံပါတ်လေးရိုက်ပေးလိုက်ပါ..အရင်ဆုံး call ထဲဝင်ပြီး *#*#4636#*#* ရိုက်လိုက်ပါ..setting ကျလာရင် phone
information ထဲဝင်-အောက်နည်းနည်း ဆွဲချလိုက် network type ထဲမှာ WCDMA only ပြောင်းပြီး internet
ဖွင့်လိုက်ပါ.. H ပေါ်နေပါမယ်.
မှတ်ချက် - တချို့ ဖုန်းတွေ မှ ဒီကုဒ် ဟာအလုပ်မလုပ် ပါ ဘူး ။
သင့် Data File တွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး Password ပေးနည်း
တစ်ခါတစ်လေ Computer အသုံးပြုနေရင်းနဲ့ Personal
Data File တွေကို Password
ထားဖို့လိုအပ်လာတတ်ပါတယ်။ ဒီအချိန်မှာ FolderLocker
Software တွေလည်း
အဆင်သင့်မရှိဘူးဆိုရင်တော့ Windows OS မှာ တော်တော်များများရှိတတ်တဲ့
အခြေခံ Software ဖြစ်တဲ့
WinRAR သို့မဟုတ် ZIP archive ဖြင့် Password
ပေးလို့ရပါတယ်။ ပေးချင်တယ်ဆိုရင်တော့ ပထမဦးဆုံး
Password ပေးမယ် Folder/File ကို
Right Click > Add to archive ကိုနှိပ်ပါ။ Archive name and
parameters ဆိုတဲ့
Box ကျလာပါလိမ့်မယ်။ အဲဒီ Boxထဲက Archive format ထဲက ZIP ဒါမှမဟုတ်
RAR ကိုရွေးပါ။
ပြီးရင် Advanced tab ထဲက Set Password ကိုနှိပ်ပါ။ Password ပေးဖို့Box
တစ်ခုထပ်ကျလာလိမ့်မယ်။ ကိုယ်ပေးချင်တဲ့ Password ကိုပေးပြီး OK ကိုနှိပ်လိုက်ပါ။
အဲဒီမှာ Encrypt
file names ဆိုတာလေးကို တွေ့ရမှာပါ
အဲဒါကိုအမှန်ခြစ်ထည့်ပေးလိုက်ရင်တော့ Archive လုပ်ထားတဲ့
file ကိုဖွင့်တဲ့
အချိန်မှာ password ကိုမေးပြီးတော့ အမှန်ခြစ်ဖြုတ်လိုက်ရင်တော့ rar ဒါမှမဟုတ် zip
file
ကို ဖွင့်လိုက်တဲ့အခါ password မမေးဘဲ အထဲမှာ archive လုပ်ထားတဲ့ individual
file လေးတွေကို
ဖွင့်တဲ့အခါမှသာ password ကို မေးမှာဖြစ်ပါတယ်။ ပြုလုပ်ပုံ
အဆင့်ဆင့်ရဲ့ Screen
Shot တွေကတော့ အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။
Tuesday, November 12, 2013
အသားစားတဲ့ သစ်ပင် Nepenthes attenboroughii
August
17, 2009 ရက်နေ့ တွင် ဗြိတိသျှ သိပ္ပံ ပညာရှင်များ ဟာ ကြွက်ကို ဖမ်းယူ စားသောက် နေ တဲ့
အပင် တစ်မျိုး ကို တွေ့ ရှိ ခဲ့တဲ့ အကြောင်း ထုတ်ဖော် ကြေငြာ ခဲ့ပါတယ် ။ထို အသားစား
အပင်ဟာ ရေတကောင်း ပုံစံ ရှိပြီး ကြွက်၊ ယုန်၊ ရှဥ့် စတဲ့ သတ္တ၀ါ တွေ ကို သူ့ ရဲ့  ရေတကောင်း
ခွက် ထဲ မရောက်ရောက် အောင် ဆွဲဆောင် ခေါ် ယူပြီး ရေတကောင်း ထဲ ပြုတ်ကျ တဲ့ အခါမှ အထဲမှာ
ရှိတဲ့ အင်ဇိုင်း တစ်မျိုး နဲ့  အစာ ကို ကြေညက် သွားစေ တယ်လို့  ဆိုပါတယ် ။
ဒီ အပင်ကို တွေ့ ရှိသူ တွေ ကတော့ ကိန်းဘရစ် တက္ကသိုလ် က ဇီဝဗေဒ ပညာရှင် များ ဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ့  Andreas Fleischman တို့ ပဲ ဖြစ်ကြ ပါတယ်။ တွေ့ ရှိတဲ့ နေရာ ကတော့ ဖိလစ်ပိုင် နိုင်ငံ ၀ိတိုရိယ တောင်တန်း တွေမှာ တွေ့ ရှိ ခဲ့တာ ဖြစ်ပြီး သူတို့ ဟာ ဒီအပင်တွေ ကို ၂၀၀၇ ခုနှစ် ကတည်း က လေ့လာခဲ့ တာ ဖြစ်ပါတယ် ။ အသားစား အပင် မျိုးစိတ် ပေါင်း ၁၂၀ ထဲက တော်တော် များများ ကို ထုတ်ဖော် နိုင်ခဲ့တယ် လို့ ဆိုပါတယ် ။
ခု တွေ့ ရှိရတဲ့ အသားစား အပင်ကို Nepenthes attenboroughii လို့ အမည် ပေး ထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့ အနေနဲ့  သူ့ ရဲ့ အမည် ကို ထည့်သွင်း ပေးထားတာ ဖြစ်ပါတယ် ။ ဒီလို အသားစား အပင် နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကား တစ်ကား ကို Star Movies နှင့် 5 Movies တို့ မှာ လည်း မကြာ ခဏ ပြသ နေပါသေး တယ် ။ ဒီရုပ်ရှင် ဟာ ၁၉၈၆ က ထုတ်လုပ် ခဲ့တဲ့ ဇာတ်ကား ဖြစ်ပြီး Little Shop of Horrors လို့ နာမည် ပေးထား ပါတယ်။
ဒီ အပင်ကို တွေ့ ရှိသူ တွေ ကတော့ ကိန်းဘရစ် တက္ကသိုလ် က ဇီဝဗေဒ ပညာရှင် များ ဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ့  Andreas Fleischman တို့ ပဲ ဖြစ်ကြ ပါတယ်။ တွေ့ ရှိတဲ့ နေရာ ကတော့ ဖိလစ်ပိုင် နိုင်ငံ ၀ိတိုရိယ တောင်တန်း တွေမှာ တွေ့ ရှိ ခဲ့တာ ဖြစ်ပြီး သူတို့ ဟာ ဒီအပင်တွေ ကို ၂၀၀၇ ခုနှစ် ကတည်း က လေ့လာခဲ့ တာ ဖြစ်ပါတယ် ။ အသားစား အပင် မျိုးစိတ် ပေါင်း ၁၂၀ ထဲက တော်တော် များများ ကို ထုတ်ဖော် နိုင်ခဲ့တယ် လို့ ဆိုပါတယ် ။
ခု တွေ့ ရှိရတဲ့ အသားစား အပင်ကို Nepenthes attenboroughii လို့ အမည် ပေး ထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့ အနေနဲ့  သူ့ ရဲ့ အမည် ကို ထည့်သွင်း ပေးထားတာ ဖြစ်ပါတယ် ။ ဒီလို အသားစား အပင် နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကား တစ်ကား ကို Star Movies နှင့် 5 Movies တို့ မှာ လည်း မကြာ ခဏ ပြသ နေပါသေး တယ် ။ ဒီရုပ်ရှင် ဟာ ၁၉၈၆ က ထုတ်လုပ် ခဲ့တဲ့ ဇာတ်ကား ဖြစ်ပြီး Little Shop of Horrors လို့ နာမည် ပေးထား ပါတယ်။
မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း
ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ်
အဓိကလိုအပ် ချက် ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။ တောတောင်
မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။
ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိ ရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။ မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက် ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။ နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။
ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိ ရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။ မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက် ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။ နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။
သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း သူရမချစ်ပိုအကြောင်း
၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါ သည်။မြန်မာ့ တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး "သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ "သူရ မချစ်ပို" ဖြစ်ပါသည်။
မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍
ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပို သည် အသက်(၂၀)အရွယ် ၁၉၄၇
ခုနှစ်တွင် BE တပ်ထဲဝင်သွားသော မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့
တစ်ဦးတည်းထွက်ခွါ သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏ မွေးစား
သမီးကဲ့သို့ ချစ်ခြင်းကို ရရှိကာ ၄င်းအိမ်တွင် ဆက်လက်နေထိုင်ဖြစ်သွားလေသည်။
ထို့နောက် ဦကြွယ်ဒေါ် ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့်
လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင် ကျသွားလေတော့သည်။
မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDOတပ်ဖွဲ့များသည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူ ဦးစီးသော အမှတ် (၁) BEတပ်ခွဲနှင့် အမှတ်(၂) BE တပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြ
လေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်း စုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း ( ယခု မေမြို့ အင်ဂျင် နီယာတပ်) နေရာကို ပြန်လည် သိမ်းပိုက် ရရှိခဲ့ပြီး လက်နက် ခဲယမ်းများကိုပါရရှိလိုက်လေသည်။ ထို့အပြင် မြို့ တွင်းတိုက်ပွဲအဖြစ် ဆက်လက် တိုက်ခိုက်သော တပ်ဖွဲ့ဝင်များသည်လည်း မေမြို့ - လားရှိုး လမ်းတစ်
လျှောက် မြို့ မ ရုပ်ရှင်ရုံ ထိသိမ်းပိုက်လိုက်နိုင်ခဲ့လေသည်။
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့် တစ်ဘက် ခြေကုတ်စခန်းများကို အားပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှုမရှိသော အရပ်သားများသည်ပင် ရရာလက် နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း` တိုက်ပွဲဝင်ခဲ့ကြသည်။ ဤအခြေအနေတွင် ခက်ခဲသော ကိစ္စရပ် တစ်ခုမှာ ရန်သူ့ သတင်းထောက်လှမ်းရေးရရှိရေးပင် ဖြစ်လေသည်။ထိုစဉ်က BEDT ကုန်းမှထွက်လိုက်သည်နှင့် ရန်သူသည် ယောက်ျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး မိန်းမများ မှာ ဈေးရောင်းခြင်း နွားကျောင်းခြင်းများဖြင့် ၀င်ထွက်လျှက်ရှိလေသည်။BE တပ်ဦးစီးသော တပ်ပေါင်းစု အတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်း ရရှိရေးအတွက် မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာ ထားဝယ်သူလေး `` မချစ်ပို´´ ပင်ဖြစ်ပါသည်။
မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင်အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့် စပ်စပ်၊အရပ် ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိ လျှင် ပြတ်ပြတ်သားသားလုပ်မည့် သဘောကိုဆောင်လေသည်။မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ် လှမောင်အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့် တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ် မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။
မချစ်ပိုသည် ဓါးတို တစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များတပ်စွဲထားသော မေမြို့ လေ့ ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ... ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံး တည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေ သည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထား သည့် နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်သာပါကလက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော် ပင် အထိနာခဲ့လေသည်။စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိ လုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း..... နေရာတိုင်း သုံးမရသော လက်ပစ်ဗုံး အစား သေနတ် တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက် တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီး ဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲ ကြလေသည်။
မချစ်ပိုပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာခဲ့လေသည်။
ထို့နောက် ထောက်ပံ့ရေးကုန်းသို့ ၀င်စီးသော ညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်။ နေ့ခင်း ဘက်က မချစ်ပိုဝင်ရောက် ထောက်လှမ်းရရှိခဲ့သည့် လက်နက်ကြီးနေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော် တာဖြင့် ဦးနှိမ် ပစ်ခတ်ထားပြီး.... မချစ်ပိုပါဝင်သော အဖွဲ့က ရန်သူ၏ ခံစစ်စည်းထဲသို့ အတင်း ထိုးဖောက် ၀င်ရောက်သွားကြလေသည်။ ရန်သူများ ခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင် စစ်သည်များက လှံ စွပ်ဖြင့် တက်ထိုးရန် ပြင်ဆင်ကြလေရာ... မချစ်ပိုက လက်မခံပဲ.... လက်ပစ်ဗုံးဖြင့် ပစ်မည်ဟု ဆိုကာ..... လှိမ့်၍ချဉ်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးရင်း ယောင်ပြ လှုပ်ရှားမှုများပြုလုပ် ပေးကြလေသည်။
ရန်သူ့ သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ..... လက်စွမ်းပြခဲ့ပြန်လေသည်။ချဉ်း ကပ်မျဉ်းမှ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေး မိကာမတ်တတ် ပြန်လာခဲ့ခြင်းကြောင့်.... ရန်သူ့ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်။မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်း ညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာ မြို့ထဲဘက် သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက်.... မေမြို့ နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိ
လာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။ထိုသို့ ခွဲစိတ်ကုသပြီးသော ချိန်တွင်KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက် စစ်ဆေးကြကြောင်းဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။
ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင်တစ်ပတ်ခန့်ပုန်းအောင်းကာ ဆေးကုသခံနေခဲ့ရကြောင်း အနာမကျက် သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစားဖခင် ဦးကြွယ်၏ နေအိမ်သို့ ပြန်ခဲ့လေသည်။
KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံ ဆိုသူမှာ.... ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူ အမျိုးသမီးနှင့် ပတ် သက်လျှက်ရှိကြောင်း။ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာ လည်း ဖျက်ဆီးခံခဲ့ရသည်များလည်း ရှိခဲ့ကြောင်း..... ။စောဘစံ၏ အမျှောင်မယား မချစ်ပု၏ လက်ထောက် ချမှုကြောင့်...... စောဘစံအဖွဲ့သည် မချစ်ပိုအား သိရှိသွားလေတော့သည်။ မချစ်ပို၏ လှုပ်ရှားမှုများ အား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခိုနေထိုင်နေသောမချစ်ပိုအားစော ဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်ဖမ်းဆီး ခေါ်ဆောင် ကြလေတော့သည်။
မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစား၊ ဓားတိုတစ်ချောင်းကိုဝှက်ယူကာ လိုက်ပါသွားလေသည်။ ထိုရက် များတွင်မေမြို့ရှိ BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်ဆုတ်ခွာ သွားကြလေရာ တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစု ၀င်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။
မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များသည် သာမန် စစ်သည် မိသားစုဝင်များကိုစိတ်မ၀င်စားခြင်း မရှိဘဲ ၄င်းတို့အား နည်းအ မျိုးမျိုးဖြင့် တိုက်ခိုက်ကာ ဒုက္ခပေးခဲ့သော မချစ်ပိုကိုသာ သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကို စောဘစံကသူ၏အမြှောင်မယား မချစ်ပု၏ အိမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားလေသည်။
ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက် ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။စောဘစံ၏မယား မချစ်ပု၏ အိမ်သို့ ရောက်သည်နှင့်မချစ်ပိုကိုဖမ်းချုပ်ကာသူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။ မချစ်ပိုသည်အံသွားအပို(အံပွား)ပါသူတစ်ဦးဖြစ်သည်။ မချစ်ပိုသည်ဝှက်ယူလာသော ဓါးတိုဖြင့် သွားနှုတ်ေ နသူအား ထိုးလေရာ နှစ်ဦးထံ ဓါးထိုးခံရကာ သေဆုံးလေတော့သည်.....။မချစ်ပို၏ လုပ်ဆောင် ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ မချစ်ပို မှာလဲကျသွားလေတော့သည်။မချစ်ပိုသည်ဒဏ်ရာပြင်းထန်စွာရနေသော်လညးအတန်ကြာသည်အထိ သေ ဆုံးခြင်းမရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏ အလောင်းအား ရေတွင်းထဲသို့ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။
ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာလေသည်။မချစ်ပို ကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့အား ပြန်လည်သိမ်းပိုက်သောနေ့ဖြစ်လေသည်။ထို့နောက် မချစ်ပိုသေဆုံးပြီး (၃) ရက်ခန့်အကြာတွင် တပ်များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏ အလောင်း အားပြန်လည်ဆယ်ယူကြလေ သည်။(၁၆-၄-၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ ကားလမ်းအား စစ်ဆေး ရန်ရာက်ရှိလာသောဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့် ကောင်း မွန်စွာ သင်္ဂြိုလ်ခဲ့ကြသည်။ မချစ်ပိုအတွက်အမိန့် စာအား ဦးထွန်းအုံက ဖတ်ကြားကြောင်းသိရှိရလေသည်။
နိုင်ငံတော်အတွက်......အသက်ကိုပဓာနမထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရ မှ `` သူရ ´´ဘွဲ့ တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။မေမြို့ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အ ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်..... ၁၉၆၀ ပြည့်နှစ်တွင်မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူး တင်မောင် (သိပ္ပံမှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည် မွမ်းမံခဲ့ကြောင်း သိရှိရလေ သည်။
အမိမြေကိုချစ်သောအာဇာနည် အမျိုးသမီး “သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင်ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲေ ရာက်နေသဖြင့် ရွှေ့ ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်းမဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာ အမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။
``သူရ မချစ်ပိုသည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည် သတ္တိ မသေဆုံးသေးသော. ထာဝရရှင် သန် နေမည့်ြုမန်မာ အမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သညိဟု မှတ်ယူနားလည်မိပါသည်။အမိမြေကိုချစ်သော သားကောင်း သမီးကောင်းများအကြောင်း ပြောဆိုရာတွင် မချစ်ပိုက မြန်မာ အမျိုးသမီးများ၏အကြောင်းကို အသံမဲ့ ၀င်ရောက် ပြောဆိုနေဦးမည်.... ထာဝရပြောပြနေဦးမည်သာဖြစ်ပါကြောင်းဂုဏ်ပြုရင်း.........
Subscribe to:
Posts (Atom)
Labels
- Android APK (11)
- Hlaing Bwer Aung စာအုပ်စင် (1)
- Video (3)
- ကဗျာ (1)
- နည်းပညာဆောင်းပါး (10)
- မုန့်လုပ်နည်း (14)
- ဟင်းချက်နည်း (20)
- ဆောင်းပါး (10)








