Monday, July 21, 2014

ကိုရီးယား တော့ပူကီ

ကိုရီးယား တော့ပူကီ
တော့ပူကီသည် ရေပန်းစားဆုံး ကိုရီးယားဟင်းလျာတွေထဲမှာ တမျိုးအပါအ၀င် ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့လုပ်ထားတဲ့ တော့ပူကီကို ကိုရီယားရုပ်ရှင် ဇာတ်လမ်းတွဲ တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ သို့ပေမယ့် ကိုရီးယားမှာပဲ ၀ယ်လို့ရတဲ့ ဆန်ကိတ်တွေကို ကိုယ်တိုင် အိမ်မှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ၀တ်ရည် အဆင့်ဆင့် လုပ်ပြပေးထားပါတယ်။ ဒါကြောင့် လုပ်ရတာလည်း ထင်သလို မခက်ပဲ၊ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အရသာကလည်း ချိုစပ်လေးနှင့် အလွန်မှ စားလို့ကောင်းပါတယ်။ လုပ်နည်းလေးကို ကြည့်ကြည့်ရအောင်…
ဆန်ကိတ်အတွက် ပါဝင်ပစ္စည်းများ
  • ဆန်မှုန့် (rice flour)     ♦ ၃၀၀ ဂရမ်
  • ဆား (salt)               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ (water)              ♦ ဆန်ချိန်ခွက် ၁ခွက်

တော့ပူကီအတွက် ပါဝင်ပစ္စည်းများ
  • ဆန်ကိတ် (rice cake)                               ♦ ၃၀၀ ဂရမ်
  • ကိုရီးယား ငရုတ်သီးအနှစ် (hot pepper paste) ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • ငရုတ်သီးမှုန့် (hot pepper flake)                 ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးအသားပြား (fish cake)                                  ♦ ၅ပြား ( ၁လက်မအရွယ်လေးများ လှီးပေးပါ)
  • သကြား (sugar)                                      ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ (water)                                           ♦ ဆန်ချိန်ခွက် ၄ခွက်
  • ငါးခြောက်သေး (anchovies)                        ♦ ရကောင်
  • ကြက်သွန်မြိတ် (spring onion)                     ♦ ၁စည်း (အရှည်အစောင်းလှီးပေးပါ)
ဆန်ကိတ်လုပ်နည်း
၁။ အရင်ဆုံး ဇလုံထဲသို့ ဆန်မှုန့်၊ ဆားများ ရောထည့်ပြီ မွှေလိုက်ပါ။

၂။ ပြီလျှင် ရေကို နည်းနည်းချင်း ထည့်ပြီ ဆန့်ကိတ် မပေါ့မမာ အနေထားရောက်သည်အထိ သမအောင် လက်ဖြင့် ရောနုယ်ပေးပါ။
မှတ်ချက် ။               ။ ဆန်ကိတ် ပျှော့သွားလျှင် ဆန်မှုန့်လိုက်ပေးပြီ မာသွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
၃။ ဆန်ကိတ်များ ရပြီဆိုလျှင် အလုံးလေးများ လုံးပြီ ပုံတွင် ပြထားသည့်အတိုင်း အချောင်းရှည်လေးများ ရအောင် လက်နှစ်ဖက်ဖြင့် အသာလေး လိပ်လေးပါ။

၎။ အချောင်းရှည်များ လိပ်ပြီလျှင် ပေါင်းအိုးထဲ ထည့်၍ ၄၅မိနစ်ခန့် မီးများများဖြင့် ပေါင်းထားပေးပါ။
၅။ ထို့နောက် ပေါင်းအိုးထဲမှ ပြန်ဖယ်ပြီ ၁လက်မအရွယ်လေးများ ပိုင်းထားပေးပါ။
တော့ပူကီ လုပ်နည်း
၁။ ပထမဆုံး ဒယ်အိုးတစ်ခုထဲသို့ ရေ(၄ခွက်) ထည့်ပြီ ဆူလာလျှင် ငါးခြောက်လေးများ ထည့်ပေးပြီ ၁၀မိနစ်ခန့် တည်ထားပေးပါ။

၂။ ပြီမှ ထိုငါးခြောက်များကို ပြန်ဖယ်ထားလိုက်ပါ။
၃။ ထို့နောက် ဒယ်ထဲသို့ (ဆန်ကိတ်၊ ငရုတ်သီးအနှစ်၊ သကြား၊ ငရုတ်သီးမှုန့်၊ ငါးအသားပြား၊ ကြက်သွန်မြိတ်) တို့ကို ထည့်ပေးပါ။


၎။ ပြီနောက် ငါးခြောက်တည်ထားသော အရည်များကို လောင်းထည့်ကာ ရောမွှေပြီ မီးအသင့်တင့်ဖြင့် အရည်အနည်းငယ် ကျန်သည်အထိ တည်ထားပေးပါ။

၅။ ရပြီဆိုလျှင် ပန်းကန်ထဲ ပြောင်းထည့်ကာ တော့ပူကီကို ပူပူလေး စားသုံးနိုင်ပါပြီ။

Tips: အသားထည့်စားချင်သူများ အမဲသား(သို့) ၀က်သား ကြိုက်နှစ်ရာကို နှုတ်နှုတ်စဉ်း၊ ဆားထည့် ဆီဖြင့် ကြော်ကာ တော့ပူကီဖြင့် ရောစားနိုင်ပါသည်။

No comments:

Post a Comment