Sunday, November 10, 2013

ပြင်သစ်သမိုင်းမှာ Jeanne de Clisson ( 1300–1359) လို့ အမည်ရတဲ့ အမျိုးသမီး ပင်လယ်ဓါးပြ ရှိခဲ့ဖူးပါတယ်။


ပင်သစ်သမိုင်းမှာ Jeanne de Clisson ( 1300–1359) လို့ အမည်ရတဲ့ အမျိုးသမီး ပင်လယ်ဓါးပြ ရှိခဲ့ဖူးပါတယ်။ သူမဟာ ချမ်းသာတဲ့ ယောင်္ကျားနဲ့ လက်ထပ်ခဲ့ပြီး သူ့ ခင်ပွန်းကို ပြင်သစ်ဘုရင် King Philip VI က နိုင်ငံတော် သစ္စာ ဖောက်မူနဲ့ ခေါင်းဖြတ်သေဒဏ်ပေးခဲ့သည့်အပေါ် အခဲမကြေဖြစ်ပြီး သူမ ပိုင်ဆိုင်တဲ့ မြေများကို ရောင်း၊ ခင်ပွန်းပို်င်ဆိုင်တဲ့ ရဲတိုက်ကြီးကို ရောင်း ပြီး သဘောင်္ သုံးစင်းဝယ်ကာ ပင်လယ်ဓါးပြ လုပ်ကာ ပြင်သစ် ရဲ့ အရာရှိကြီးတွေ၊ တော်ဝင် မိသားစုတွေကို ဓါးပြ တိုက်ပြီး သဘောင်္ပေါ်မှာ ထို ပြင်သစ် တော်ဝင် မိသားစု တွေ၊ နန်းတွင်းအရာရှိတွေကို ခေါင်းဖြတ်သတ်ကာ လက်စားပြန်ချေခဲ့ပါတယ်။

ပြင်သစ်ဘုရင်က စစ်သားတွေ လွှတ်ပြီး ချေမူန်းသော်လည်း မနိုင်ခဲ့ပါ။ 1356 သူမ ဟာ ပင်လယ်ဓါးပြ ဘ၀မှ အနားယူခဲ့ပြီး အင်္ဂလန်မှာ နိုင်ငံရေးအရ ခိုလူံ ခဲ့ပါတယ်။ နောက်မှ ပြင်သစ်သို့ ပြန်ပြီး 1359 ခုနစ် သူ့ နေအိမ်ဟောင်း ( ပြန်ဝယ်ခြင်းဖြစ်သည်) မှာပဲ ကွယ်လွန်တယ်လို့ ဆိုပါတယ်။

ထိုခေတ်က မြန်မာပြည်မှာတော့ မြင်းစိုင်း/ပင်းယမင်းဆက် (AD1298 - AD1364) ထွန်းကားနေချိန်ဖြစ်ပါ တယ်။



No comments:

Post a Comment