http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: January 2015

Wednesday, January 21, 2015

Password တွေရဲ့ အဓိပါယ် နဲ့ လုံခြုံအောင်ကာကွယ်နည်းများ

Password တွေရဲ့ အဓိပါယ် နဲ့ လုံခြုံအောင် ကာကွယ်နည်းများ


password တွေအကြောင်းပေါ့နော်ကျွန်တော်တင်ပေးထားတဲ့နည်းပညာအချို့ကို ဧဒင်ကပိတ်ထားပါတယ်အဲ့ဒီမှာ gloaden eye spsoft ware နဲ့ သုံးနည်းတွေ သူများစတစ်ထဲက data တွေကိုခိုးယူမယ် Program ရေးနည်းတွေပါတယ်ဘာမှမဟုပ်တဲ့ ရှေ့လူသုံးသွားတဲ့password ကြည်တဲ့ software တွေပါသေးတယ် ထားလိုက်ပါတော့နောက် password ခိုးယူမဲ့နည်းတွေမတင်တော့ဘူး..gmail နဲ့ပက်သက်ပြီးတော့ပြောကြတာပေါ့ gmail password hacking လုပ်နိုင်တဲ့နည်းတွေအများကြီးရှိပါတယ် သမန်လူတောင်သုံးနိုင်တဲ့ key logger တို့ golden eye တို့ pusinifish တို့ ကျွန်တော်တင်ပေးဖူးတဲ့ gmail page အတုလုပ်တာတို့ potable သုံးနိုင်တဲ့ software ရှေကလူသုံးသွားတဲ့ password ကိုကြည့်တာတို့ ကို့ဘာကို note pat မှာ ရေးသားပြီးထောင်ချောက်ဆင်ပြီး gmail passwordတွေမှတ်တဲ့ program တွေ လူတစ်ယောက်ဟာအခြားလူးတစ်ယောက်နဲ့ chat နေတုံးမှာသူကို hacking လုပ်နိုင်တဲ့နည်;၃၀ ကျော်လောက်ရှိပါတယ်
ကဲ password တွေနဲ့ပက်သက်ပြီးပြောတော့မယ်
အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊Passwords များသည် ကွန်ယက်များ၏ လုံခြုံရေးအတွက် ကာကွယ်နိုင်သည့် အမြင့်မားဆုံးသော သော့ချက်ဖြစ်ပါသည်။ မည်သည့် စနစ်တွင်မဆို စည်းကမ်း နည်းလမ်းအတိုင်း ညီညွှတ်သော Password နှင့် User Account ရယူထားနိုင်ပါသည်။ User Account များသည် ကန့်သတ်/ သတ်မှတ်ထားသော ခွင့်ပြုချက်များဖြင့် တည်ဆောက်ထားသော်လည်း လုံခြုံရေးအရ ကျိုးပေါက်မှုများ ရှိနေဆဲဖြစ်ပါသည်။

Hacker များသည် Network များအတွင်းဝင်ရောက်ရန် တစိတ်တပိုင်းကြိုးပမ်းမှုမှာ အစဉ်ရှိနေကြောင်း သတိရှိနေရမည် ဖြစ်ပါသည်။ ထိုကြောင့် မိမိတို့သုံးစွဲသော Passwords များကို မသက်ဆိုင်သူများ မသိရှိစေရန် ကာကွယ်ထားရမည် ဖြစ်ပါသည်။ Passwords များကို Administrator မှ ဝေငှရာတွင်လည်း တယ်လီဖုန်းပေါ်မှ မည်သည့်အခါတွင်မှ မပေးရပေ။ User မှ Password ပျောက်ဆုံးလျှင်သော် လည်းကောင်း၊ မေ့လျော့ခဲ့လျှင် လည်းကောင်း Administrator မှ Letters နှင့် Numbers များ ရှုတ်ထွေး ရောနှောပါဝင်သည့် Password အသစ်ကို ပြန်လည် သတ်မှတ်ပေးရမည်ဖြစ်ပြီး User မှ ပြောင်းလဲ ပေးသော Password အသစ်ဖြင့် ဝင်ရောက်ရသည်။ Stronger Network Operating System များတွင် ယင်းကဲ့သို့သော စွမ်းဆောင်ရည်များ ပါဝင်ပါသည်။ ဥပမာအားဖြင့် Windows 2000 server ၌ User တည်ဆောက်ရာတွင် ရှိသော User must change password at next logon Setting ဖြစ်ပါသည်။သုံးစွဲသူများ တည်ဆောက်ရာတွင် ကောင်းမွန်သော Password များကို ရွေးချယ်ပေးရမည်။ ဇနီး၊ လင်ယောင်္ကျား နှင့် မိမိ၏ အိမ်မွေးတိရစ္ဆာန် အမည်များ၊ မွေးနေ့ရက်စွဲများ စသည်တို့ကို အသုံးမပြုသင့်ပေ။ Password များအား အနည်းဆုံး Characters 6 လုံးနှင့်အထက် Letters၊ Numbers နှင့် Punctuation Symbols များ ရှုတ်ထွေး ရောနှောပါဝင်သော String Passwords များကို သုံးစွဲရမည်ဖြစ်သည်။ ယင်းသို့ Password သုံးစွဲခြင်းကြောင့် စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲ များလည်း အမြဲတစေ ရင်ဆိုင်နေရမည် ဖြစ်သည်။ ပထမတစ်ချက်မှာ သုံးစွဲသူမှာ မိမိ Password အားမေ့လျော့ခြင်း၊ မိမိ User Name Password ဖြင့် အခြားသူမှ ဝင်ရောက်ခြင်းကြောင့် သူတို့၏ Password များအား မကြာခဏ ပြင်ဆင် ပေးနေရခြင်းနှင့် ဒုတိယတစ်ချက်မှာ Password အား မပျောက်ဆုံးရအောင် Write Down လုပ်ထားခြင်းဖြင့် အလွယ်တကူ ရရှိပြီး Network ကျိုးပေါက်ခြင်းများ ဖြစ်ပါသည်။

Device များသုံးစွဲပြီး Password ကာကွယ်ရန် (၂) နည်း ရှိပါသည်။ Smart Device နှင့် Biometrics ဖြစ်ပါသည်။ Smart Device မှာ Credit Card ပင်ဖြစ်ပြီး PC နှင့် USB သို့မဟုတ်အခြား Small Device များ ချိတ်ဆက်ပြီး Password ထည့်သွင်းခြင်းအစား သုံးစွဲခြင်းဖြစ်ပါသည်။
လူတိုင်းအတွက် အသုံးဝင်မယ်ထင်လို့ FWD mail ထဲကနေ ပြန်တင်ပေးလိုက်တာပါ.

mg min
အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။

အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့မကူးခင် အင်တာနက်ဆိုင်တွေမှာ သုံးရင် သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ဒီ Black Device ကို နိုင်ငံအချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှ သုံးပေါ့၊

Tuesday, January 13, 2015

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ
==========================
Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊
Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊
Botloader ရွေးချယ်မှူ
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊
Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊
Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊
ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊
CWM ဆိုတာဘာလဲ
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊
ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊
Firmware နဲ့ ပက်သက်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install
လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့
Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့
ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊
တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update
လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware
ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊
အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read
Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့
Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash
meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊
ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊
Flashing ဆိုတာဘာလဲ
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့
Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊
Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို
စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး
ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ
အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary
commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော
အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root
လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်
ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့
အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကို
အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android
ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့
ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့
ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို
အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access
ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက
ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်
မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊
Rooting အကြောင်းကို အသေးစိတ် ရှင်းပြထားတာကို pdf ဖိုင်နဲ့ ရေးပေးထားတာ
ရှိပါတယ်၊ အောက်က လင့်မှာ ဒေါင်းလုပ်ရယူပါ၊
Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က
ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software
Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့
Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊
Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom
ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊
ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်
ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊
ADB ဆိုတာဘာလဲ
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ
သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့
တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့
computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client
ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ
ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊
ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊
Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း
Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊
Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့
ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ
တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)
Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊
Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍
ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ
တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို
ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ
ရှော့ချပေးနိုင်ပါတယ်၊
ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets
တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

Sunday, January 11, 2015

Mobile အကြောင်းတစေ့တစောင်း



Mobile အကြောင်းတစေ့တစောင်း
=====================



မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile Network တွေအကြောင်းကို မသိသေးတဲ့ လူငယ်တွေအတွက် အနည်းအကျဉ်း လေ့လာမိသလောက် မျှဝေပေးလိုက်ပါတယ်။

ပထမဆုံး ပြောချင်တာကတော့ Mobile Network လို့ခေါ်တယ်ဆိုမှတော့ Mobile Phone စနစ်ကို အခြေခံပြီး တည်ဆောက်ထားလို့ပေါ့နော်။ ကျွန်တော် လေ့လာမိသလောက်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Mobile စနစ်က လောလောဆယ် (၆) မျိုး ရှိနေပါတယ်။
၁။ Cellular
၂။ ခြင်းဖုန်းလို့ လူသိများတဲ့ CDMA
၃။ GSM
၎။ WCDMA
၅။ CDMA 450 MHz (ကမ်းရိုးတန်းဖုန်း)
၆။ CDMA 800 MHz ဆိုပြီး ရှိပါတယ်။

အဲဒီထဲကမှ ဒီနေ့ နာမည်အကြီးဆုံးနဲ့ Standard အရှိဆုံးကတော့ GSM Network စနစ်ပေါ့နော်။ ၁၉၈၀ ခုနှစ်လောက်က ဥရောပနိုင်ငံတွေမှာ Analog Cellular System ဆိုပြီးတော့ Local အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ Local ဆိုတာက ပြည်ပနိုင်ငံတွေရဲ့ ကွန်ယက်တွေ အတွင်းကို ၀င်ရောက် ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဥပမာ - အင်္ဂလန်ဆို အင်္ဂလန် နိုင်ငံအတွင်းမှာပဲ ပြောလို့ ရပါတယ်။ တခြား အမေရိက တို့ ပြင်သစ်တို့ရဲ့ Network တွေထဲကို ၀င်ရောက် ပြောဆိုလို့ မရသေးပါဘူး။ အဲဒီလိုနဲ့ ၁၉၈၂ ခုနှစ်လောက်မှာ ဥရောပနိုင်ငံကြီးတွေ စုစည်းပြီးတော့ Mobile Network အတွက် စံသက်မှတ်ချက် တစ်ခုထားနိုင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီနောက် Group Special Mobile လို့ခေါ်တဲ့ GSM ဆိုတဲ့ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။

၁၉၈၇ ခုနှစ်လောက်မှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ဖို့ရန် တူညီတဲ့ Network တစ်ခုအတွက် နိုင်ငံပေါင်း ၁၃ နိုင်ငံ ပေါင်းပြီး Cellular Phone Network ဆိုတဲ့ ကွန်ယက် တစ်ခုကို သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ သုံးနေကြတဲ့ နာမည်အကြီးဆုံး အအောင်မြင်ဆုံး Standard အရှိဆုံး GSM Network ကို အဲဒီလိုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ဥရောပ နိုင်ငံ တော်တော်များများမှာ နေရာ ကန့်သတ်ချက် မရှိပဲ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကန့်သတ်ချက် မရှိတော့ပဲ လွတ်လပ်စွာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း GSM ရဲ့ မူလ အခေါ်အဝေါ် Group Special Mobile ကို ပိုမို ကြီးမားတဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် သက်ရောက်စေရန်အတွက် Global System for Mobile Telecommunications ဆိုပြီး ပြောင်းလဲခဲ့ပါတယ်။

GSM Network မှာ အသုံးပြုထားတဲ့ Frequency Rate အနေနဲ့ကတော့ 850MHz ၊ 900 MHz ၊ 1800 MHz ၊ 1900 MHz ဆိုပြီး ရှိပါတယ်။ လူဦးရေ သိပ်သည်း ထူထပ်တဲ့ မြို့ပြနိုင်ငံကြီးတွေမှာ ဆိုရင်တော့ Frequency အနိမ့်ပိုင်းတွေကို အသုံးပြုကြပါတယ်။

အရှေ့တောင် အာရှနိုင်ငံ တော်တော်များများနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို အခု လက်ရှိ 900 MHz ကို အသုံးပြုထားပါတယ်။ တောင်အမေရိကတိုက် ၊ မြောက်အမေရိကတိုက် နဲ့ အာရပ်နိုင်ငံတို့လို ကွင်းပြင် ၊ တောင်တန်း ၊ သစ်တောတွေ ထူထပ်ပေါများတဲ့ နိုင်ငံမျိုးတွေ ၊ လူနေကျဲပါးဝေးလံတဲ့ ဒေသမျိုးတွေ ဆိုရင်တော့ လိုင်းအားပြင်းတဲ့ 1800 MHz ၊ 1900 MHz တို့ကို အသုံးပြုပါတယ်။ ဒီလို Frequency အမြင့်ပိုင်းတွေကို လူဦးရေ သိပ်သည်းထူထပ်တဲ့ နိုင်ငံတွေမှာတော့ တခြားသော Radio Network ကို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့ အတွက် အသုံးမပြုကြပါဘူး။

WCDMA ဆိုတာက GSM ရဲ့ အဆင့်မြင့် system တစ်ခုပါ။ သူ့ရဲ့ Frequency Rate ဟာလဲ 900 MHz နဲ့ အလုပ်လုပ်ဆောင်ပါတယ်။ လူတွေ ပြောပြောနေတဲ့ 3G (Third Generation) ပေါ့နော်။ ကိုရီးယားမှာတော့ 4G အထိ အပြည့်အ၀ လုပ်ဆောင်နိုင်ပြီး TV Channel တွေပါ Mobile Phone ပေါ်မှာ ကြည့်နိုင်နေပါပြီ။

တကယ်တမ်း ဆိုရင်တော့ 3G စနစ် အမှန်အကန် တစ်ခုက Video Configuration စနစ်ကို ကောင်းကောင်းကြီး support လုပ်ပေးနိုင်ပါတယ်။ အင်တာနက် ချိတ်ဆက် အသုံးပြုမယ်ဆိုရင်လဲ 1000 MHz နီးပါးနဲ့ သာသာယာသာ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် သိတာတော့ WCDMA ရဲ့ ထောက်ပံ့ပေးထားတဲ့ အစစ်အမှန်မှာ 3gpp (Third Generation Partnership Project) လို့ ခေါ်ပါတယ်။

CDMA လို့ ခေါ်ကြတဲ့ Code Division Multiple Access ဆိုတာဟာ ၂၀၀၀ ခုနှစ်လောက်ကမှ ခေတ်စားလာတဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာဆို CDMA 450 MHz နဲ့ CDMA 800 MHz ဆိုပြီး လူသိများပါတယ်။ အသုံးပြုတဲ့ နိုင်ငံတွေဆိုတာကတော့ တော်တော်ကို နည်းပါးနေပါပြီဗျာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ လက်ရှိ အသုံးပြုနေဆဲပါပဲ။ CDMA 800 MHz လိုင်းတွေဟာ ဆိုရင်တော့ လိုင်းမှာ အမြဲကြည်လင်နေပြီးတော့ ဖုန်းလိုင်း ပြတ်တောက်တယ်ဆိုတာ အတော် ဖြစ်ခဲပါတယ်။ သူက Frequency 800 MHz နဲ့ 900 MHz အတွင်းမှာ သုံးစွဲနေပါတယ်။

CDMA ဖုန်းတွေဟာ ပြင်းထန်တဲ့ လိုင်းဆွဲအားကို အမြဲရှာဖွေ အသုံးပြုနေတာ ဖြစ်တဲ့အတွက် ဖုန်း Battery သက်တမ်းကလဲ အကုန်မြန်တာကို တွေ့ရပါတယ်။ CDMA ဖုန်းတွေမှာ ဆိုရင် 450 MHz ကတော့ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ Uplink 455 နဲ့ Downlink 465 MHz ၀န်းကျင်မှာသာ အသုံးပြုနေတာ ဖြစ်တဲ့အတွက် Data သယ်ပို့နိုင်စွမ်း မရှိပါဘူး။ CDMA 800 MHz ဖုန်းတွေကို အင်တာနက် အသုံးပြုလိုတယ် ဆိုရင်တော့ EVDO (Evolution Data Optimized) စနစ်ကို လျှောက်ထားပြီး အသုံးပြုနိုင်ပါတယ်။

Computer Hard Disk မှာ Scan Disk (or) Check Disk လုပ်ရခြင်းအကြောင်း

Computer Hard Disk မှာ Scan Disk (or) Check Disk လုပ်ရခြင်းအကြောင်း




Scan Disk ဆိုတာကတော့ Hard Disk အတွင်းမှာရှိတဲ့ Folder တွေ၊ File တွေနဲ့ Free Space တွေ၊ Lost Cluster စသည်များကို စစ်ဆေးပေးခြင်းဖြစ်ပါတယ်။ စာဖတ်သူ ကြုံဖူးမလားတော့ မသိဘူး။ တစ်ခါတစ်လေ ကွန်ပျူတာ သုံးနေရင်းနဲ့ မီးပျက်သွားတဲ့အခါမှာ လက်ရှိသုံးနေတဲ့ Program နဲ့ File တွေမှာ Error ဖြစ်သွားနိုင်တယ်။
အဲဒီအခါမျိုးမှာ မီးပြန်လာလို့ ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့ Windows မတက်ခင် Auto Scan Disk (Chkdsk@Check Disk) စစ်ပေးပါတယ်။ Windows က Auto လုပ်ပေးတာပါ။ ကျွန်တော်ဆို မစောင့် နိုင်လို့ ကျော်ကျော်ပစ်တယ်။ အဲဒီအခါ ဘာဖြစ်လဲဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဒီ Error တွေကို ဖြေရှင်းလို့ မရတော့ဘူးဗျ။ ဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာကို ပုံမှန် တစ်လ တစ်ခါလောက်ပဲဖြစ်ဖြစ် Scan Disk စစ်သင့်ပါတယ်။
Scan Disk ဆိုတာ Virus စစ်တာ မဟုတ်ဘူးနော်။ တစ်ချို့က Computer Virus စစ်တာနဲ့ မှားတက် ကြတယ်။
Scan Disk စစ်မယ်ဆိုရင် Start > All Programs > Accessories > System Tools အောက် ကမှ Scan Disk (In Windows XP) ကို Click နှိပ်ဝင်ပြီး စစ်ယုံပါပဲ။ Scan Disk မှာ မှStandard နဲ့ Thoro ugh ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ Standard ကတော့ Folder, File, Free Space တွေမှာရှိတဲ့ Error တွေကို ဖြေရှင်း ပေးမှာ ဖြစ်ပါတယ်။
ပုံမှန်အတိုင်းဆိုရင်တော့ Standard နဲ့ပဲRun တာကောင်းပါတယ်။ Automatically Fixed Error ကို လည်း On ထားဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါမှ Error တွေ့တဲ့အခါ အလိုအလျှောက်ဖြေရှင်း သွားမှာ ပေါ့။ Standard ကို Run ရင်တော့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ကြာတယ်ဗျ။ နောက်တစ်ခုက ကိုယ့်ရဲ့ Hard Disk က အချိန်ကြာနေလို့၊ Bad Sector တွေရှိနေပြီဆိုရင်တော့Thorough run ဖို့ လို ပါတယ်။ သူကတော့ Hard Disk ရဲ့ မျက်နှာပြင်အထိကိုပါ စစ်ပေးပါတယ်။Thorough Run မယ် ဆိုရင်တော့ Bad Sector မှာရှိတဲ့ Data တွေကို ကောင်းတဲ့ Sector တွေစီကို ပို့ပေးပြီး အဲဒီနေရာကို Data ထပ်သိမ်းလို့ မရအောင် သက်မှတ်ပေးပါတယ်။ Thorough ကိုRun မယ်ဆိုရင်တော့ နာရီနဲ့ ချီပြီး ကြာပါလိမ့်မယ်။ ကွန်ပျူတာ ကို ဘာအလုပ်မှ မခိုင်းတဲ့ အချိန်မျိုးမှာ အကောင်းဆုံးပါပဲ။
Windows 7 မှာဆိုရင်တော့ Computer မှာ ကိုယ်စစ်ချင်တဲ့ Hard Disk Partition (Eg: Local Disk (D:) ကို Right Click နှိပ်ပြီး အောက်ဆုံးက Properties ကို နှိပ်ပါ။ Properties box ကျလာရင် Tools အောက်က Chek Now ကို Click နှိပ်ပြီး Scan Disk ကို အသုံးပြုနိုင်ပါတယ်။
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ