http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: October 2014

Friday, October 31, 2014

Hlaing Bwer .apk ကျွန်တော့် Blog apk လေးပါ

ကျွန်တော့် Blog apk လေးပါ

ကျွန်တော်ကတော့သူများတွေလိုများများမတင်နိုင်ပါဘူး

ဒီ apk လေးက online လုပ်ပီး syn ထားရင် ofline မှာလည်းအဆင်ပြေပါတယ်

ဟင်းချက်နည်းတွေဆို ofline လုပ်ပီးလေ့လာလို့ရပါတယ်

အောက်မှာဒေါင်းပါ

Hlaing Bwer .apk

Friday, October 24, 2014

Tikka ကြက်သားကင် နှင့် ချိစ်

Tikka ကြက်သားကင် နှင့် ချိစ်

ကြက်သား Tikaကင်ကို အိန္ဒိယစတိုင်နဲ့ အနောက်တိုင်းစတိုင်ကို Fusion လုပ်ထားတဲ့ ချက်နည်းပါ။  ကြက်သားကို နူအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ အရသာက အီစိမ့်စိမ့်လေးဖြစ်အောင် ချိစ်ကို ထည့်နုယ်ထားပါတယ်။ အအီပြေအောင် သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံ – ၂ခု (၄၀၀ ဂရမ်) (၁လက်မအရွယ် အတုံးများတုံးထားပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပြီ အရည်ညှစ်ထားပါ)

  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ပါ)
  • ဒိန်ချဉ် – ခွက်တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဇာပွင့် – အနည်းငယ်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ရင်ဗုံကို ၁လက်မအရွယ် အတုံးများ တုံးပေးပါ။
၂။ ပြီလျှင် (ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်း) တို့ကို သမအောင် ရောနုယ်ပါ။

၃။ ခွက်တစ်ခုထဲမှာ (ချိစ်၊ ဒိန်ချဉ်) ကို ရောမွှေလိုက်ပြီ ကြက်သားဖြင့် ပြန်ရောနုယ်ပေးပါ။
၎။ ပြီမှ မဆလာ၊ ဖာလာ၊ ဆနွင်း၊ ဇာပွင့်၊ ဆား၊ နံနံပင်၊ ဆီ ထည့်ပြီ သမအောင်ရောနုယ်ကာ ကြက်သားကို ၂နာရီခန့် ရေခဲသေတ္တာအောက်ထပ်တွင် နုပ်ထားပေးပါ။

၅။ ၀ါးတုတ်များကို မသီမှီ နာရီဝက် ရေစိမ်ထားပေးပါ။
၆။ ကြက်သားများကို ၀ါးတုတ်တွင် သီပေးပြီ တဖက်ကို ၂-၃မိနစ်ခန့် ကြက်သားကျက်သည်အထိ ကင်ပေးပါ။

ရ။ ပြီနောက် Tikka ကြက်သားကင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး၊ နံနံပင် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါသည်။

——————————————————————————————————————–

ကြက်သားဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ)


မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…
ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ
  • ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။
ကြက်သားနုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်                          ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
  • ဂျင်း                                     ♦ လက်တဆစ် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ                      ♦ ၂ခု (ထောင်းထားပါ)
  • ကြက်သွန်နီ                        ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
  • ဒိန်ချဉ် (yoghurt)            ♦ ၁ခွက်စာ
  • ဆီ (oil)                              ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
  • လေညှင်း (cloves)           ♦ ၂ခု
  • ဖာလာစေ့ (cardamon)   ♦ ၄ခု
  • ဇာပွင့် (Javetri)                ♦ ၃ခု
  • ကလာဝေရွက် (bayleaf)  ♦ ၂ခု
  • သစ်ဂျပိုး                               ♦ ၁ခု
  • ဇီယာ (cumin)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် (cumin pdr)     ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် (coriander pdr)    ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် (chilli pdr)         ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် (tumeric pdr)        ♦ စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းလုံး (အမဲ)             ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
  • ငရုတ်သီးစိမ်း (green chilli)    ♦ ၆ခု (စိတ်ပေးပါ)
  • ဆား (salt)                                  ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • မာဆလာ (masala)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ပူစီနံ (mint)                                ♦ ၁စည်း (ပါးပါးလှီးပါ)
  • နံနံပင် (coriander)                   ♦ ၁စည်း (ပါးပါးလှီးပါ)
မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။


ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။
၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။

၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၎။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)
၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။
၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။

ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ဒန်ပေါက် ချက်နည်း
၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။
၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။

၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။
၎။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။

၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး  စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။


၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။


ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..



ဝက်သား၊ အာလူး ကတ်သလစ်ကြော်

ဝက်သား၊ အာလူး ကတ်သလစ်ကြော် (၄ယောက်စာ)

အိန္ဒိယစတိုင် ၀က်သား၊ အာလူး ကတ်သလစ်ကြော် လေးပါ။ အာလူးထဲ ၀က်သားများကို အစာသွပ်ပြီ ကြော်ထားတာပါ။ နေ့လည်စာနဲ့ အစာပြေ အဖြစ် အာလူးကတ်သလစ်ကို လုပ်စားနိုင်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်…
အာလူး ကတ်သလစ်တွင် ပါဝင်ပစ္စည်းများ
  • အာလူး – ၅လုံး
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

  • ကြက်သွန်မြိတ် – စည်းဝက် (အလှဆငန်ရန်၊ ပါးပါးအစောင်းလှီးပါ)
  • ဟင်းရွက်ဆီ
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  • ၀က်သား (သို့) ဆိတ်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၎
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
အစာသွပ် ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီများကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
၂။ ပြီမှ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ဇီယာ၊ ငရုတ်သီးမှုန့်၊ ထည့်ပြီ နောက်ထပ် မိနစ်ဝက်ခန့် ရောမွှေပေးပါ။
၃။ ထို့နောက် ၀က်သားထည့်၊ ဆား တို့ပြီ ၀က်သားကျက်သည်အထိ ရေ(ခွက်ဝက်) ထည့်ပြီ တည်ထားပါ။
၎။ ၀က်သားကျက်ပြီ ရေခန်းဆီပြန်လာလျှင် နံနံပင်၊ မဆလာအုပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။

အာလူးကတ်သလစ် ပြုလုပ်နည်း
၁။ အရင်ဆုံး အိုးတစ်ခုထဲ ရေများများ ထည့်ပြီ ဆားအနည်းငယ်၊ အာလူးကို ၁၅မိနစ်မှ မိနစ်၂၀ထိ နူအိ အောင် ပြုတ်ပေးပါ။
၂။ ပြီလျှင် အာလူးကို အအေးခံကာ အခွံခွာပြီ လက်ဖြင့် အာလူးများကို ခြေပေးပါ။
၃။ ထို့နောက် ဇောက်ပန်းကန်ထဲတွင် (အာလူး၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၎။ ခု အာလူးကတ်သလစ် စလုပ်ပါတော့မည်။ အာလူးများကို ၁လက်မခွဲအရွယ် ၀ိုင်းလေးများ လက်နှစ်ဖက်ဖြင့် ပြုလုပ်ပေးပါ။
၅။ ပြီနောက် အာလူး အလယ်ကို ချိုင့်ပြီ ၀က်သား(စားပွဲတင်ဇွန်း ၁ဇွန်း) အစာသွပ်ပေးပြီ အ၀ိုင်းပြားလေးများ ပြန်လုပ်ပေးပါ။



၆။ ပြီနောက် အာလူးဝိုင်းများကို ဂျုံမှုန့် (သို့) တန်ပူရာမှုန့် များ ကပ်ပေးပါ။

ရ။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ အာလူးကတ်သလစ်များကို ရွှေညိုရောင်သန်းသည်အထိ တဖက်ကို ၂မိနစ်နှုန်းဖြင့် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

၈။ ဇကာဖြင့် အာလူးကတ်သလစ်ကြော်များကို ဆယ်ပြီ ပန်းကန်ထဲ ထည့်ပေးပြီ ကြက်သွန်မြိတ်၊ ဆလတ်ရွက် ဖြင့် အလှဆင်ပေးပါ။
၉။ အရသာကောင်းမွန်တဲ့ ၀က်သား၊ အာလူး ကတ်သလစ်ကြော်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

တရုတ်စတိုင် ကောက်ညှင်း၊ မြေပဲအစာသွပ်မုန့်

အချိုပွဲ၊ အစာပြေ လုပ်စားနိုင်ဖို့ ကောက်ညှင်းမုန့် မြေပဲနဲ့နှမ်းထောင်း လေးပါ။ အရမ်းစားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်ကြည့်၇အောင်…
ကောက်ညှင်းမုန့်တွင် ပါဝင်ပစ္စည်းများ
  • ကောက်ညှင်းဆန် – ၂ခွက်
  • ရေ – ၃ခွက်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

မြေပဲထောင်းတွင် ပါဝင်ပစ္စည်းများ
  • မြေပဲလှော် – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက် ထောင်းထားပါ)
  • နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
မှတ်ချက် ။ ။ ခွက်တစ်ခုထဲ (မြေပဲထောင်း၊ နှမ်းထောင်း၊ သကြား၊ ဆား) တို့ကို ရောမွှေထားပါ။

ပြုလုပ်နည်း
၁။ အရင်ဆုံး rice cooker ထမင်းအိုးထဲသို့ ကောက်ညှင်းဆန်၊ သကြား၊ ရေ ၃ခွက်ထည့်ပြီ ရိုးရိုး ထမင်းချက်သလို ချက်ပေးပါ။
၂။ ပြီလျှင် ကောက်ညှင်းများကို ခေတ္တအအေးခံထားပါ။

၃။ ထို့နောက် ဆုံထောင်းကို ဆီအနည်းငယ်သုပ်ပြီ ကောက်ညှင်းများကို ကျေပြီ စီကပ်သွားသည်အထိ ထောင်းပေးပါ။

၎။ ပြီလျှင် ကောက်ညှင်းများကို အနေတော်အရွယ်ပိုင်းဖြတ်ပြီ မြေပဲထောင်းခွက်ထဲ ထည့်ကာ မြေပဲထောင်းများ ကပ်သွားအောင် လက်ဖြင့်လိမ့်ပေးပါ။
၅။ အရသာရှိပြီ ချိုစိမ့်သည့် ကောက်ညှင်း၊ မြေပဲထောင်းမုန့်ကို သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————–

Game_Hacker.apk

Game  တွေမှာငွေခိုးလို့ရတဲ့  apk လေးပါ
သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်
ဒေါင်းရန်  Game_Hacker.apk ကိုနှိပ်ပါ

Game_Hacker.apk
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ