http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif' rel='shortcut icon'/> Hlaing Bwer Aung: November 2013

Friday, November 15, 2013

ငွေစစ်မယ် apk

ဒီ apk လေးကတော့ ငွေစစ်တဲ့ apk လေးပါ
ကုတ်ထည့်မရတဲ့သူတွေက ကီးဘုတ်ခုံကိုပြန်ပြောင်းပြီးထည့်ပါ
*124# ကိုရိုက်ရင် # ကိုရိုက်မရပါဘူး ကီးဘုတ်ပြောင်းလိုက်ပါ
အဆင်ပြေပါလိမ့်မယ်
ဒေါင်းရန်
https://www.dropbox.com/s/w7h828dtc7a9a7s/Check%20Balance%202.0.2.apk

မိမိပုံလေးနဲ့ သီချင်းဖွင့်မယ်

ဒီ apk လေးကတော့သီးချင်းမှာ photo,
name,album name
တွေကို မိမိကိုတိုင်ထည့်ချင်တဲ့သူတွေအတွက်ပါ
ဒေါင်းရန်
https://www.dropbox.com/s/8xfbo8njnubipeh/iTag.apk

Viber apk လေးပါ

viber apk လေးပါ
version က 4.0.0.1707 ပါ

ဒေါင်းရန်
https://www.dropbox.com/s/b2ktm3ldj61yvxz/Viber%204.0.0.1707.apk

Wednesday, November 13, 2013

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ…


ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာကတော့…
=====================================

ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က 


နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ 

အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ 

နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ဘာကြောင့် 

ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။

ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် 


နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ဒီအဖြေကိုလူပေါင်းများစွာ 

လိုက်ရှာနေကြတယ်။ ဟားဗတ်တက္ကသိုလ်ရဲ. 

စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ 

အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ 

စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး 

စိတ်ဓာတ်တက်ကြွစေတယ်။ ဟားဗတ်တက္ကသိုလ်ရဲ. 

စာကြည့်တိုက်နံရံပေါ်က  ဆုံးမစာကတော့…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ 


ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် 


ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး 


အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ 


တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ 


အချိန်မရှိတာမဟုတ်ဘူး။ကြိုးစားအားထုတ်မှုမရှိတာပါ။

၇)
စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ


ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. 


တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင်
 

ဘာလုပ်နိုင်ဦးမှာလဲ။

၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ 


ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော
 

ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။



၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


ထိပ်ဆုံးမှာ တွေ့ကြမယ်



ထိပ်ဆုံးမှာ တွေ့ကြမယ်

* ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

* ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

* ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

* မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

* ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

* မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

* ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

* အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။

* အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

* မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

* ထကြွ လုံ့လ ၀ီရီယ ရှိပါ။

* အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

* ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

* ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

* ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

* ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

* ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

* စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

* မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

* ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

* ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

* သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

* သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

* သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

* အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

* ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

* သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

* ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

* အချိန်၏ တန်ဖိုးကို နားလည်ပါ။

* မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

* လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

* သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

* ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

* သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

* တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

* မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

* သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

* စာပေ လေ့လာဆည်းပူးပါ။

* ရတနာသုံးပါးကို မမေ့ပါနှင့်။

စကားလိမ် နှင့် ဉာဏ်စမ်းများ


စကားလိမ် နှင့် ဉာဏ်စမ်းများ
================

အပြင်းဖြေ စကားလိမ်ဖွက်တိုင်း ကစားလို့ရတာပေါ့

မေး ။ ။ ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့
ဖြေ ။ ။ အဟောင်းကိုပစ်၍ အသစ်ကိုရှာ နေရာများ၍ ကြားမစေ့

မေး ။ ။ အဆီရှိမှ မီးတောက်သည်
ဖြေ ။ ။ အမှီရှိမှ ပြီးမြောက်သည်

မေး ။ ။ ပညာဟူသည် မြတ်ရွှေအိုး
ဖြေ ။ ။ ဥစ္စာဟူသည် မျက်လှည့်မျိုး

မေး ။ ။ ပန်းသတင်း ပန်းချင်းဆောင်
ဖြေ ။ ။ လူသတင်း လူချင်းဆောင်

မေး ။ ။ ပျောက်သောသူ ရှာလျှင်တွေ့
ဖြေ ။ ။ သေသောသူ ကြာလျှင်မေ့

မေး ။ ။ ပြည်ပန်းညို ချိုချင်လျက် ဆားကဖျက်
ဖြေ ။ ။ တူနှစ်ကိုယ် ကြည်ဖြူပါလျက် ကြားကဖျက်

မေး ။ ။ ဆင်မှာတော့ ကျဉ်ငယ်
ဖြေ ။ ။ ယင်မှာတော့ ပင်လယ်

မေး ။ ။ ရွှေအကြောင်း ဖယောင်းမှသိ
ဖြေ ။ ။ လူအကြောင်း ပေါင်းမှသိ

မေး ။ ။ ဒေါင်ဒေါင်မြည်မှ အိုး
ဖြေ ။ ။ သုံးလွန်းတင်မှ ကြိုး

ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ


ရေခဲတုံး၏အံ့အားသင့်ဖွယ်ရာအသုံးဝင်ပုံများ
========================
မျက်နှာကိုလန်းဆန်းစေခြင်း
မိတ်ကပ်မလိမ်းခင်မျက်နှာအသားအရေအနှံ့သုတ်လိမ်းပေးပါ။ချက်ချင်းတောက်ပလာပါလိမ့်မယ်။ရေခဲတုံးကိုနူးညံ့
တဲ့အ၀တ်စဒါမှမဟုတ်တစ်သျှူးနဲ့အုပ်ပြီးမျက်နှာပေါ်အုပ်ပါ။ပြီးမှမိတ်ကပ်လိမ်းရင်မိတ်ကပ်သားစွဲစေပါတယ်။

နေလောင်ဒဏ်ရာပျောက်စေခြင်း
ရေခဲတုံးကိုနေလောင်ထားတဲ့အရေပြားပေါ်ပွတ်လိမ်းပေးရင်အလွန်အေးမြသက်သာစေတဲ့ခံစားချက်ရှိပါတယ်။

ဝက်ခြံသက်သာစေခြင်း
ဝက်ခြံအဖုအပိန့်တွေပ်ါရေခဲကပ်ပေးရင်အရေပြားကိုအေးမြစေတဲ့ခံစားချက်ရှိပါတယ်။ဒါ့အပြင်ချွေးပေါက်ကျဉ်းစေ
ပြီးအရေပြားအတွင်းဘက်တီးရီးယားပိုးတွေမ၀င်ရောက်နိုင်အောင်ကာကွယ်ပေးပါတယ်။သန့်ရှင်းတဲ့ပိတ်စထဲရေခဲတုံး
ထည့်ပြီးအမာရွတ်ပေါ်ကိုနေ့စဉ်၁၀မိနစ်ခန့်ပွတ်သပ်ပေးပါ။ချွေးပေါက်ကျဉ်းပြီးရောင်ရမ်းမှုလျော့ကျစေပါတယ်။

မျက်စိအနားရစေခြင်း
အလုပ်ကိုကြာကြာလုပ်ပြီးပင်ပန်းနေရင်၊ကွန်ပျူတာscreenကိုကြာကြာကြည့်ထားရင်ရေခဲတုံးထည့်ထားတဲ့ပိတ်စ
ကိုမျက်စိပေါ်အုပ်ပေးပါ။စိတ်ဖိစီးမှုကိုသက်သာလျော့ပါးစေရုံသာမကမျက်စိဖောင်းအစ်မှုကိုကင်းစင်စေပါတယ်။

အမွေးနုတ်လျှင်နာကျင်မှုမရှိခြင်း
မျက်ခုံးမွှေးနုတ်တဲ့အခါနာကျင်မှုမရှိစေဖို့မျက်ခုံးမွှေးပေါ်ကိုရေခဲတုံးကပ်ပေးပါ။အဲဒီနေရာထုံသွားပြီးအမွေးနုတ်တဲ့အခါ
နာကျင်မှုကင်းစေပါတယ်။

မီးလောင်ဖုသက်သာစေခြင်း
မီးလောင်ဖု၊အရည်ဖုတွေပေါ်ကိုရေခဲထုပ်ထားတဲ့ပိတ်စအုပ်ပေးရင်အရေပြားကိုနောက်ထပ်ထိခိုက်မှုမဖြစ်အောင်
ကူညီပေးပါတယ်။ရောင်ရမ်းမှုကိုလည်းလျော့ကျစေပါတယ်။

ကြွက်သားနာကျင်မှုလျော့ပါးစေခြင်း
ကြွက်သားရောင်ရမ်းမှုနဲ့နာကျင်မှုသက်သာစေဖို့ရေခဲတုံးကပ်ပေးနိုင်ပါတယ်။
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ